Menu

You are here

ယာဉ်မောင်းတွေ လျစ်လျူမရှုသင့်တဲ့ ကားအနံ့များ

ကားတွေဟာ တစ်ချိန်ချိန်မှာ တော့ ယာဉ်မောင်းကို ခေါင်းအ ကြီးကြီးကိုက်စေအောင်လို့ ပြုမူ တတ်ကြပါတယ်။ ဒီလိုမဖြစ်ဖို့ ကာကွယ်ချင်တယ်ဆိုရင် ဆီ၊ ရေ၊လေ၊ ဝိုင် ပုံမှန်စစ်ဆေးဖို့လိုအပ် သလို လုံးဝ လျစ်လျူမရှုသင့်တဲ့ ကိစ္စတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ကားဆီက ထူးခြား တဲ့အနံ့ တစ်ခုခုရပြီဆိုတာနဲ့ အ ကြောင်းရင်းကို အမြန်ဆုံး သိ အောင်လုပ်ပြီး ပြင်ဆင်ဖို့ပါ။ ဘယ်လိုအနံ့မျိုးတွေလဲဆိုရင် ..

သကြားရည်၊ သကာရည်နံ့

ဒါဆိုရင်တော့ အအေးပေး ရာမှာသုံးတဲ့ Coolant စိမ့်ထွက် နေလို့ပဲဖြစ်ဖြစ်၊ အပူပေးစက်ချို့ ယွင်းလို့ပဲဖြစ်ဖြစ် ဒီအနံ့ရနိုင်တယ် ဆိုတာ သိထားပါ။

ဥပုပ်နံ့

ဒါကတော့ ကားအင်ဂျင်က ထွက်တဲ့ မီးခိုးတွေကို နှိမ်ပေးတဲ့ ဓာတ်ငွေ့ပြောင်းကိရိယာချို့ယွင်းနေလို့ပါ။

ဒီလvိုအနံ့တွေ ထွက်လာရင် အဲဒီကိရိယာလဲလှယ်ဖို့ လိုတယ်ဆိုပေမယ့် ပစ္စည်းဈေးကြီးတယ်ဆိုတာလည်း သိထားဖို့ လိုပါတယ်။

ကော်ဇောမီးလောင်နံ့

ဒီလိုဆိုရင်တော့ ဘရိတ် ကြောင့်ဖြစ်တယ်ဆိုတာ သိထား ပါ။ ဒီအနံ့ရပြီဆိုတာနဲ့ ဘရိတ်ကို အရင်ဆုံးစမ်းသပ်ပြီး အမြန်ဆုံး သာပြင်ပါ။

ရော်ဘာညှော်နံ့

ဒီအနံ့ရရင်တော့ ကားအင် ဂျင်မှာ တပ်ထားတဲ့ ကြိုးတွေ၊ ပိုက်တွေ သေချာတပ်ဆင်ထားရဲ့ လားဆိုတာ စစ်ဆေးကြည့်လိုက် ပါ။  အဲဒီကြိုးတွေ၊  ပိုက်တွေ ချောင်နေတဲ့အခါ ပြတ်နေတဲ့ အ ခါမျိုးတွေမှာ ဖြစ်တတ်တာမို့ အ ချိန်မီစစ်ဆေးကြည့်ပြီး အသစ်လဲ လှယ်လိုက်ပါ။

ဆီညှော်နံ့

ဆီတွေယိုစိမ့်ပြီး အိတ်ဇော ပေါ်ကိုကျတဲ့အခါမျိုးတွေမှာ ကား မောင်းနေရင်းနဲ့ ဆီညှော်နံ့တွေ  ရလာတတ်ပါတယ်။ ညှော်နံ့ရဲ့ နောက်ဆက်တွဲအဖြစ် မီးခိုးတွေ ပါ ဆက်တိုက်ထွက်လာနိုင်ပါတယ်။

စက္ကူမီးလောင်နံ့

များသောအားဖြင့်တော့ ဂီယာပြောင်းချိန်တွေမှာ ကလပ်က နေ ညှော်နံ့ထွက်လာတာပါ။ ဒီလိုမဖြစ်ရလေအောင် ကလပ်ကို စနစ်တကျ ဘယ်လိုသုံးမလဲဆိုတာ သိအောင်လုပ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ကလပ်ခဏခဏ လဲရတဲ့ပြဿနာကြုံရမှာပါ။

—Ref: umass.uloop.com

logo