Menu

You are here

Toyota Corolla Hybrid 2016

တိုယိုတာက ထုတ်လုပ်တဲ့ကားတွေထဲက Toyota Corolla Hybrid 2016 အကြောင်းကို အခုတစ်ပတ်ရဲ့ 7Day Cars အယ်ဒီတာအကြိုက်အဖြစ် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

တိုယိုတာ Corolla ကို ၁၉၈၉ မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Sedan ကိုယ်ထည်အမျိုးအစား ဖြစ်ပါတယ်။ အင်ဂျင်အရွယ်အ စားတွေကိုတော့ ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီ၊ ၁၆၀၀ စီစီ၊ ၂၀၀၀ စီစီ ဆိုပြီး ခွဲခြားထုတ်လုပ်ပါတယ်။ ပြည်တွင်းဈေးကွက်ထဲမှာ လူသိ အများဆုံးဂရိတ်တွေကတော့ SE Saloon, XE Saloon, SE Limited တို့ကို လူသိများခဲ့ပါတယ်။

ဒီဂရိတ်တွေကို ၁၉၈၉ မှာကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒုတိယမျိုးဆက်၊ ဒုတိယပုံပြောင်း ထုတ်လုပ်ခဲ့တဲ့ ၂၀၀၀အထိ ထုတ်လုပ်ခဲ့ပါတယ်။

၂၀၁၆ မော်ဒယ်ကိုတော့ L, LE, LE Eco, S, Special Edition ဆိုတဲ့ ဂရိတ်တွေနဲ့ ထုတ်လုပ် ရောင်းချလာခဲ့ပါတယ်။ ၂၀၁၆ မော်ဒယ်ကတော့ မျိုးဆက်ခုနစ် ဆက်မြောက် မော်ဒယ်ဖြစ်ပြီး အတွင်းခန်းရော အပြင်ပိုင်းတွေပါပုံစံအဆင့်မြင့်ထုတ်လုပ်လာတာ တွေ့ရပါတယ်။

ထပ်မံထုတ်လုပ်တဲ့ မော်ဒယ်တစ်ခုအနေနဲ့ Hybrid အင်ဂျင် တပ်ဆင်ထားတဲ့ ၂၀၁၆ မော်ဒယ်ကိုပါ ထုတ်လုပ်လိုက်တာဖြစ်ပါ တယ်။ ကိုယ်ထည်ဒီဇိုင်းကိုလည်း Mini-Van ကိုယ်ထည်အမျိုးအ စားအဖြစ် ထုတ်လုပ်ထားပါ တယ်။

ထုတ်လုပ်တဲ့ ဂရိတ်တွေကို တော့ ZR နဲ့ SX နှစ်မျိုးထုတ်လုပ်ပြီး CVT ဂီယာတစ်မျိုးတည်းကို တပ် ဆင်ထုတ်လုပ်ထားပါတယ်။ အင်ဂျင်အရွယ်အစားကတော့ ၁၈၀၀ စီစီအင်ဂျင်ဖြစ်ပြီး Hybrid ကား တွေရဲ့ထုံးစံအတိုင်း ကီလို ၅၀ ရောက်ချိန်မှာ Hybrid လုပ်ဆောင်ချက်ကို စတင်မှာဖြစ်ပါတယ်။

အတွင်းခန်းထိုင်ခုံနဲ့ စတီယာရင်လက်ကိုင်တွေကို Leatherတပ်ဆင်ထားပြီး LCD ကိုလည်းTouch Screen တပ်ဆင်ထားပါ တယ်။ အဲကွန်းပတ်လည်အပြည့်တပ်ဆင်ထားပြီးအရေးပေါ်လေ အိတ်ရှစ်လုံးပါဝင်တာ တွေ့ရပါ တယ်။

စတီယာရင်ကွန်ထရိုးနဲ့ ရှေ့ နောက်ကင်မရာတွေ တပ်ဆင် ထားတဲ့အပြင် ပါကင်ဆင်ဆာ၊ Tire Monitoring System တွေကိုလည်း တပ်ဆင်ထုတ်လုပ် ထားပါတယ်။ နောက်မှန်ဝိုက်ဘာ ပါဝင်ပြီး နောက်ကြည့်မှန်တွေမှာ လည်း အချက်ပြမီးတွေ တပ်ဆင်ထုတ်လုပ်ထားတာ တွေ့ရပါ တယ်။ဒါ့အပြင် Electronic Brake Force, Stability Program, Traction Control စနစ်တွေကိုလည်း တပ်ဆင်ပေးထားတဲ့အ တွက် နည်းပညာမြင့်ကားတစ်စီး အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါ တယ်။ ကားရဲ့လုံခြုံရေးပိုင်း တပ် ဆင်မှုမှာတော့ လေအိတ်ရှစ်လုံးကို ဂရိတ်အားလုံးမှာ တပ်ဆင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တိုယိုတာရဲ့ 6 Star Safety လို့ခေါ်တဲ့ လုံခြုံရေးနည်းပညာ ခြောက်မျိုးကို တပ်ဆင်ထုတ်လုပ်ထားပါတယ်။ အဲဒီလုံခြုံရေးနည်း ပညာတွေကတော့ VSC, TRAC,ABS, EBD, BA, SST ဆိုတဲ့စနစ်တွေကို တပ်ဆင်ထုတ်လုပ် ထားတာဖြစ်ပါတယ်။

ကားရဲ့ကိုယ်ထည်ပိုင်း အပြင်အဆင်ကတော့ အရင်ကထုတ်လုပ်ခဲ့တဲ့ Corolla မော်ဒယ်တွေ နဲ့မတူအောင် ဒီဇိုင်းပိုင်းကို ပြောင်းလဲထုတ်လုပ်လာတာ တွေ့ရပါ တယ်။ ရှေ့၊ နောက်မီးခွက်တွေ၊ ရှေ့ရှဲလ်ဒီဇိုင်းတွေ၊ အလွိုင်းခွေ တွေ၊ ဖောင်းလိုင်းတွေကအစ ဒီ ဇိုင်းပိုင်းတွေကို ပြောင်းလဲထုတ် လုပ်လာတာ တွေ့ရပါတယ်။ ရှေ့မီးခွက်ကို LED မီးကြီးတွေ တပ် ဆင်ထားပြီးနောက် ဘရိတ်မီးတွေကလည်း LED မီးတွေ တပ်ဆင်ထုတ်လုပ်ထားတာ  တွေ့ရပါ တယ်။

ကားရဲ့ ကိုယ်ထည်ဒီဇိုင်းပိုင်း ကိုတော့ Aerodynamics ဒီဇိုင်းနဲ့ လေခွင်းအားကောင်းတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ နောက်မှန် Spoiler ပါဝင်ပေမယ့် နောက်မှန်ဝိုက်ဘာကိုတော့ ဂရိတ်အားလုံးမှာ မပါဝင် ပါဘူး။ အလွိုင်းခွေကိုတော့ ၁၇ လက်မ အလွိုင်းခွေတပ်ဆင်ထုတ် လုပ်ထားတာ တွေ့ရပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ တော့ Corolla မော်ဒယ်အမျိုးမျိုး ကို တင်သွင်းရောင်းချကြပေမယ့် Hybrid 2016 ကိုတော့ တင်သွင်းမှုနည်းပါးနေသေးတာ တွေ့ရပါတယ်။ နိုင်ငံတကာကားဈေးကွက် ထဲက Toyota Corolla Hybrid 2016 ရဲ့ရောင်းဈေးတွေကိုတော့ ZR ဂရိတ်အတွက် အမေရိကန်ဒေါ်လာ ၂၈,၉၉၀ ဖြစ်ပြီး SX ဂရိတ် အတွက် အမေရိကန်ဒေါ်လာ ၂၅,၄၉၀ နဲ့ သတ်မှတ်ရောင်းချနေပါတယ်။      ။

logo