Menu

You are here

ပူပြင်းတဲ့ ရာသီဥတုမှာ ကားအတွင်းပိုင်း အပူချိန် မတက်အောင် ဘာတွေလုပ်နိုင်သလဲ

ကားရပ်စရာနေရာရှားလို့ အဆင်ပြေရာ၊ ကြုံရာနေရာ နေပူထဲတွေ ကားရပ်ရတဲ့အခါမျိုးတွေမှာ ကားထဲချက်ချင်းမဝင်နိုင်လောက်အောင် ပူလောင်နေတာကြုံခဲ့ရင် လုပ်နိုင်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

အရိပ်ရမယ့်နေရာရှာခြင်း

ကားရပ်စရာနေရာတောင် မနည်းရှာနေရတဲ့ အနေအထားမှာ အရိပ်ရှိတဲ့နေရာရဖို့ဆိုတာ အတော်လေးခက်ပေမယ့်လည်း တတ်နိုင်သလောက် ရှာကြည့်ပြီးမှ ကားရပ်ပါ။ လွင်တီးခေါင်ပြင် နေပူကြီးထဲ ရပ်ထားရမယ်ဆိုရင်လည်း ကားမှန်ကို နည်းနည်းလေး ဆိုသလောက်လေး ဖွင့်ထားခဲ့ရင် ပိုကောင်းပါတယ်။ ကားသူခိုးရန် ကြောက်ရင်တော့ မှန်ချထားတာ ရုတ်တရက်မမြင်နိုင်တဲ့ ကားမှန်တံခါးပေါ်ဘက်မှာ ကာဗာလေး တပ်ထားဖို့လိုပါတယ်။

နေကာသုံးခြင်း

နေကာတွေက ကားထဲမပူအောင် မကာကွယ်နိုင်ပေမယ့် ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် ကာကွယ်နိုင်ပါတယ်။ ကားမှန်အပြင်မှာ မအုပ်ထားချင်ရင်လည်း ကားမှန်အတွင်းပိုင်းကနေ ကာထားနိုင်တာ တွေရှိပါတယ်။

ကားမှန်စတစ်ကာကပ်ခြင်း

ကားမှန်စတစ်ကာတွေက ကားထဲကို အပူတိုက်ရိုက်မထိ အောင် ကာကွယ်ပေးပါတယ်။ တစ်ခုသတိထားရမှာကတော့ စတစ်ကာအရောင် သတ်မှတ်ချက်အတိုင်း ကပ်ဖို့ပါပဲ။

ကားအောက်ပိုင်းကို လေမှုတ်ထုတ်စေခြင်း

နေပူထဲမှာ ကားရပ်ထားပြီးရင် ကားမှန်ပေါက်တွေ အကုန်ဖွင့်ပြီးတာနဲ့ အများစုက ကားအတွင်းပိုင်းပန်ကာကို အပေါ်ဘက်မှာထားပြီး ခန္ဓာကိုယ်အေးအောင် လုပ်လေ့ရှိကြပေမယ့် တကယ်တမ်းကတော့ ပန်ကာလေကို အမြင့်ဆုံးနှုန်းတင်ပြီး ကားအတွင်းပိုင်း အောက်ခြေဘက်ကို အရင် ဆုံးလွှတ်ပေးပြီး အပူတွေထွက်အောင် လုပ်ရမှာ ဖြစ်ပါတယ်။

အဲကွန်းစနစ်တကျသုံးခြင်း

ကားထဲမှာ အရမ်းပူနေချိန်က အဲကွန်းကို လူဆီကို တိုက်ရိုက်အေးစေမယ့်အစား အရင်ဆုံး Fresh Air ခလုတ်မှာထားဖို့လိုပါတယ်။ ခဏနေတော့မှ ကားတစ်စီးလုံး ဖြန့်ကြက်အေးမြအောင်လို့ Recirculation လုပ်စေခြင်းက ပိုပြီး သင့်လျော်ပါတယ်။ ၁၀ မိနစ်လောက်ဖွင့်ထားပြီး အပူချိန်လျော့သွားပြီဆိုရင်တော့ ကိုယ်ကြိုက်သလို အအေးလွှတ်တာမျိုး လုပ်နိုင်ပါတယ်။  —Ref: cnet

logo