Menu

You are here

Honda Freed 2017

ရန်ကုန်
 
ဟွန်ဒါကထုတ်လုပ်တဲ့ကားတွေထဲက Honda Freed အကြောင်းကို အခုတစ်ပတ်ရဲ့ 7Day Cars အယ်ဒီတာအ ကြိုက်အဖြစ်ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
 
Honda Freed ကို ၂၀၀၈ ခုနှစ်ကစတင်ထုတ်လုပ်ပြီး မီနီဘင်န်1Box ကိုယ်ထည်အမျိုးအစားဖြစ်ပါတယ်။ ထိုင်ခုံ(၃)တန်းနဲ့ အတွင်းခန်းကျယ်ဝန်းတဲ့ကားအမျိုးအစားဖြစ်ပါတယ်။ ဘေးတံခါးတွေက ထိုးတံခါးဖြစ်ပြီး အင် ဂျင်အရွယ်အစား ၁၅၀၀ စီစီတစ်မျိုးတည်းဖြင့်ထုတ်လုပ်တဲ့ကားတစ်စီးဖြစ်ပါတယ်။
 
Chassis ID တွေကတော့ GB3 နဲ့ GB4 ဆိုပြီးနှစ်မျိုးထုတ်လုပ်ပါတယ်။ Chassis ID အလိုက်ခွဲခြားမယ်ဆိုရင် တော့ GB3 – 2WD – CVT – 1500 CC နဲ့ GB4 – 4WD – 5AT – 1500 CC ဆိုပြီးခွဲခြားနိုင်ပါတယ်။
 
ဂရိတ်တွေကိုတော့ G grade, G L Package, G Aero, GI Aero, Flex, Flex F Package, Flex Aero, GH စတဲ့ G grade အခြေခံ ဂရိတ်ခွဲ ၁၂ မျိုးခန့်ကိုခွဲခြားထုတ်လုပ်တာတွေ့ရပါတယ်။မျိုးဆက်တစ်ခုသာရှိနေသေးပြီး ဂရိတ်ခွဲတွေကိုလည်း ထုတ်လုပ်ရောင်းချတဲ့နိုင်ငံတွေအလိုက်ခွဲခြားထုတ်လုပ်တာတွေ့ရပါတယ်။ အာရှနိုင်ငံတွေ ထဲကအဓိကထုတ်လုပ်ရောင်းချတဲ့နိုင်ငံတွေကတော့ ဂျပန်၊ မလေးရှား၊ စင်ကာပူနဲ့ ဟောင်ကောင်တို့ဖြစ်ပါ တယ်။
 
G ဂရိတ်
 
Honda Freed ရဲ့ အခြေခံဂရိတ်တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိထုတ်လုပ်ခဲ့တဲ့ဂရိတ်ဖြစ်ပါတယ်။ အခြေခံဂရိတ်ဆိုပေမယ့် စတင်ထုတ်လုပ်ချိန်ကတည်းက ဂရိတ်အပြည့်ဖြစ်တာတွေ့ရပါတယ်။
 
ဒီဂျစ်တယ်ဒိုင်ခွက်၊ ဒီဂျစ်တယ်အဲကွန်း၊ စတီယာရင်ကွန်ထရိုးလ်၊ အတွင်းခန်းချိတ်အစုံ၊ ပါဝါမှန်ပတ်လည်၊ နောက်မှန်တစ်ချပ်တည်းအရောင်ဝင်ပြီးဝိုက်ဘာပါဝင်တာတွေ့ရပါတယ်။ နောက်တံခါး Slide power ၊ Sun-roof အမိုးပြည့်၊ Remote-Key ၊ အော်တီဗီ၊ CD Player တွေကိုတပ်ဆင်ထုတ်လုပ်ပါတယ်။
 
ကိုယ်ထည်ပိုင်းမှာတော့ ရှေ့ရှဲလ် ၃တန်း၊ရှေ့မီးကြီး ဟေလိုဂျင်၊ နောက်မီးခွက် မျက်ပြူး အနီရောင်၊ နောက်ကင် မရာ၊ ပါကင်ဆင်ဆာ၊ အလွိုင်းခွေ ဘေးဖောင်းလိုင်းအကောက် ဖြစ်တာတွေ့ရပါတယ်။
 
G Aero
 
ဒီဂရိတ်ကတော့ ခဲရောင်နဲ့ အဖြူရောင်နှစ်မျိုးမှာတွေ့ရပြီး အတွင်းခန်း တပ်ဆင်မှုကတော့ G ဂရိတ်နဲ့တူညီတာ တွေ့ရပါတယ်။ ပိုပြီးထူးခြားတဲ့ စနစ်တပ်ဆင်မှုကတော့ Econ Mode ပါဝင်တာဖြစ်ပြီး နောက်ကင်မရာဆင်ဆာ ကလည်း မော်ဒယ်ပိုမြင့်လာလို့ ပိုပြီးအဆင့်မြင့်လာတာတွေ့ရပါတယ်။ ပါကင်ဆင်ဆာစနစ်ကို ကင်မရာအာရုံခံ စနစ်အပြင်၊ အသံလှိုင်းအာရုံခံစနစ်ပါဝင်တာကိုပါတွေ့ရပါတယ်။
 
ကိုယ်ထည်ပိုင်းတည်ဆောက်ပုံကတော့ အလွိုင်းခွေ၊ ရှေ့မီးကြီး ဟေလိုဂျင်မီးကြီး၊ နောက်ကြည့်မှန်နဲ့တွဲနေ တဲ့ Blind Spot Camera Viewer ကိုပါ တွေ့ရပါတယ်။ Blind Spot Viewer ကြောင့်ပါကင်ထိုးတဲ့နေရာမှာအသုံး ၀င်မှာဖြစ်ပါတယ်။
 
ဂရိတ်ခွဲတွေအနေနဲ့ G Aero Highway, G Aero Cool , G Aero L Package ဆိုပြီးတွေ့ရပါတယ်။
 
Flex ဂရိတ်
 
ဒီဂရိတ်ကိုလည်း ၂၀၀၈ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိထုတ်လုပ်တဲ့ ဂရိတ်ဖြစ်ပြီး chassis ID နှစ်မျိုးလုံးမှာတွေ့ ရပါတယ်။ အတွင်းခန်းအော်တီဗီ၊ စတီယာရင်ကွန်ထရိုးလ်၊ ဒီဂျစ်တယ်အဲကွန်း၊ အော်တိုအဲကွန်း၊ Push Start ၊ အတွင်းခန်းချိတ်အစုံ ဖြစ်တာတွေ့ရပါတယ်။
 
နောက်တံခါးPower Slide Door, နောက်မှန်ဝိုက်ဘာ၊ နောက်မှန်ခုံးနေပြီး ကိုယ်ထည်အမိုးပါခုံးနေတာတွေ့ရပါ တယ်။ ကိုယ်ထည်ဒီဇိုင်းပုံစံက အမိုးနဲ့နောက်မှန်ခုံးနေလို့ ဒီဇိုင်းပြောင်းတယ်ထင်ရပေမယ့် ရှေ့နောက်မီးခွက် တွေနဲ့ ရှဲလ်တွေကတော့ အခြားဂရိတ်တွေနဲ့တူညီတာတွေ့ရပါတယ်။
 
Honda Freed Flex ဂရိတ်ရဲ့ ဂရိတ်ခွဲတွေကတော့ Flex Aero, Flex Just Selection, Flex I Aero ဆိုပြီးဂရိတ် ခွဲ (၃)မျိုးကို ၂၀၀၉ ခုနှစ်အထိထုတ်လုပ်ခဲ့တဲ့ဂရိတ်ဖြစ်ပါတယ်။
 
GI Aero/GH
 
ဒီဂရိတ်ကတော့ အခြေခံဂရိတ်တစ်ခုမဟုတ်ပေမယ့် G ဂရိတ်ကို modified လုပ်ပြီးထုတ်လုပ်လာတဲ့ဂရိတ်ဖြစ် ပါတယ်။ GI Aero ဂရိတ်ကို GB3 Chassis ID မှာသာထုတ်လုပ်ပြီး CVT ဂီယာတစ်မျိုးတည်းနဲ့ထုတ်လုပ်ထား တဲ့ဂရိတ်ဖြစ်ပါတယ်။
 
အတွင်းခန်း အော်တိုအဲကွန်း၊ DVD Player, အော်တီဗီ၊ Push Start, စတီယာရင်ကွန်ထရိုးလ်စတဲ့ အတွင်းခန်း ဂရိတ်အမြင့်တပ်ဆင်မှုကိုတွေ့ရပါတယ်။ ကိုယ်ထည်ပိုင်းဂရိတ်တွေကတော့ G Aero ဂရိတ်နဲ့တူညီတာတွေ့ရပါ တယ်။ GI Aero ဂရိတ်ကို ၂၀၁၂ ခုနှစ်ကစပြီး GH ဂရိတ်ဆိုပြီး ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။
 
ပြည်တွင်းဈေးကွက်ထဲမှာတော့ Honda Freed 2010 မော်ဒယ်ဆိုရင် ကျပ် ၁၅၅ သိန်းဝန်းကျင်ပေါက်ဈေးရှိပြီး လူကြိုက်များကားတစ်စီးအဖြစ်ဈေးကွက်မှာရပ်တည်နေပါတယ်။
 
 

logo