Menu

You are here

၂၀၁၉ ေမာ္ဒယ္လ္သစ္ Cayenne Turbo SUVကို Porsche မိတ္ဆက္

ဖရန္႔ဖတ္ ကားျပပြဲမွာ Porscheဟာ ေနာက္ဆံုးထုတ္ ေမာ္ဒယ္လ္သစ္ Cayenne Turbo SUVကို တရားဝင္ ေဖာ္ထုတ္ မိတ္ဆက္လုိက္ပါတယ္။
 
၂၀၁၉ ေမာ္ဒယ္လ္သစ္ Cayenne Turboဟာ ထုတ္လုပ္ဖူးသမွ် Cayenne မ်ိဳးဆက္ေတြထဲမွာ စြမ္းေဆာင္ရည္ အျမင့္ဆံုးလုိ႔ ညႊန္းဆိုရမွာပါ။ ဒီကားမွာ ျမင္းေကာင္ေရ ၅၅၀ စက္အားနဲ႔ ၅၆၇ ေပါင္-ေပ ႐ုန္းအား ထုတ္ေပးႏုိင္တဲ့ 4.0-litre Twin-Turbo V8 အင္ဂ်င္ကို တပ္ဆင္ထားပါတယ္။ ဒါဟာ သမား႐ိုးက် Cayenneမွာ တပ္ဆင္ထားတဲ့ ျမင္းေကာင္ေရ ၃၄၀ အား 3.0-litre Single Turbo V6အင္ဂ်င္၊ Cayenne Sမွာ တပ္ဆင္ထားတဲ့ ျမင္းေကာင္ေရ ၄၄၀ အား 2.9-litre Twin-Turbo V6 အင္ဂ်င္ေတြထက္ အမ်ားႀကီး ပိုသာပါတယ္။
 
Cayenne Turbo အသစ္ဟာ ရပ္နားထားရာကေန တစ္နာရီ မုိင္ ၆၀ ႏႈန္းကို ၃.၉ စကၠန္႔အတြင္း အရွိန္ျမႇင့္တင္ႏုိင္ပါတယ္။ ဒါ့အျပင္ အျမင့္ဆံုးျမန္ႏႈန္း တစ္နာရီ ၁၇၇ မိုင္ထိ ေမာင္းႏွင္ႏုိင္မွာ ျဖစ္ပါတယ္။
 
တစ္စီးကို ေဒၚလာ ၁၂၅၀၀၀ ေလာက္နဲ႔ ေရာင္းခ်မယ့္ SUVေတြဟာ ဒီဇိုင္းတည္ေဆာက္မႈ အရလည္း ေျပာင္းလဲ ဆန္းသစ္မႈေတြ ပါဝင္လာပါတယ္။ LEDေ႐ွ႕မီးေတြကို ျပင္ဆင္ မြမ္းမံထားသလို ေ႐ွ႕ပိုင္းနဲ႔ ေနာက္ပိုင္း ႐ႊံ႕ကာေတြကလည္း အရင္ကထက္ပိုၿပီး ၿပိဳင္ကားအသြင္ ဆန္လာေစတယ္။ ကားတာယာေတြမွာ ၂၁ လက္မ သတၱဳစပ္ ဘီးေခြေတြကို တပ္ဆင္ေပးထားတယ္။
 
Porscheဟာ ဒီကားေတြကို လာမယ့္ ေႏြရာသီ ေႏွာင္းပိုင္းက စတင္ၿပီး ေစ်းကြက္ထဲ တင္ပို႔ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။
 
Ref: CNet
 
Unicode
 
၂၀၁၉ မော်ဒယ်လ်သစ် Cayenne Turbo SUVကို Porsche မိတ်ဆက်
 
 
ဖရန့်ဖတ် ကားပြပွဲမှာ Porscheဟာ နောက်ဆုံးထုတ် မော်ဒယ်လ်သစ် Cayenne Turbo SUVကို တရားဝင် ဖော်ထုတ် မိတ်ဆက်လိုက်ပါတယ်။
 
၂၀၁၉ မော်ဒယ်လ်သစ် Cayenne Turboဟာ ထုတ်လုပ်ဖူးသမျှ Cayenne မျိုးဆက်တွေထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံးလို့ ညွှန်းဆိုရမှာပါ။ ဒီကားမှာ မြင်းကောင်ရေ ၅၅၀ စက်အားနဲ့ ၅၆၇ ပေါင်-ပေ ရုန်းအား ထုတ်ပေးနိုင်တဲ့ 4.0-litre Twin-Turbo V8 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ ဒါဟာ သမားရိုးကျ Cayenneမှာ တပ်ဆင်ထားတဲ့ မြင်းကောင်ရေ ၃၄၀ အား 3.0-litre Single Turbo V6အင်ဂျင်၊ Cayenne Sမှာ တပ်ဆင်ထားတဲ့ မြင်းကောင်ရေ ၄၄၀ အား 2.9-litre Twin-Turbo V6 အင်ဂျင်တွေထက် အများကြီး ပိုသာပါတယ်။
 
Cayenne Turbo အသစ်ဟာ ရပ်နားထားရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို ၃.၉ စက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်ပါတယ်။ ဒါ့အပြင် အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၁၇၇ မိုင်ထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
 
တစ်စီးကို ဒေါ်လာ ၁၂၅၀၀၀ လောက်နဲ့ ရောင်းချမယ့် SUVတွေဟာ ဒီဇိုင်းတည်ဆောက်မှု အရလည်း ပြောင်းလဲ ဆန်းသစ်မှုတွေ ပါဝင်လာပါတယ်။ LEDရှေ့မီးတွေကို ပြင်ဆင် မွမ်းမံထားသလို ရှေ့ပိုင်းနဲ့ နောက်ပိုင်း ရွှံ့ကာတွေကလည်း အရင်ကထက်ပိုပြီး ပြိုင်ကားအသွင် ဆန်လာစေတယ်။ ကားတာယာတွေမှာ ၂၁ လက်မ သတ္တုစပ် ဘီးခွေတွေကို တပ်ဆင်ပေးထားတယ်။
 
Porscheဟာ ဒီကားတွေကို လာမယ့် နွေရာသီ နှောင်းပိုင်းက စတင်ပြီး ဈေးကွက်ထဲ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။
 
Ref: CNet
 
 

logo