Menu

You are here

ေလလံပြဲမွာ ကားအသစ္တစ္စီးအတြက္ စံခ်ိန္တင္ေစ်း ရရွိခဲ့တဲ့ LaFerrari Aperta

Ferrari ကားအသစ္ တစ္စီးကို ေလလံတင္ ေရာင္းခ်ရာမွာ စံခ်ိိန္တင္ ေစ်းႏႈန္းထိ ရရွိခဲ့တယ္လုိ႔ သိရပါတယ္။
 
Ferrariရဲ႕ LaFerrari Aperta အသစ္ကို Sotheby ေလလံဌာနက ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ေလလံတင္ ေရာင္းခ်ခဲ့ၿပီး ယူ႐ို ၈.၃ သန္း (ေဒၚလာ ၁၀ သန္း)ထိ ရရွိခဲ့ပါတယ္။ အဲဒီ ေလလံပြဲကို Ferrariရဲ႕ ဇာတိၿမိဳ႕ျဖစ္တဲ့ မာရန္နယ္လိုမွာ ျပဳလုပ္ခဲ့တာပါ။
 
ကုမၸဏီရဲ႕ ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ ကာလနဲ႔ တုိက္ဆိုင္ေနတဲ့ ေလလံပြဲမွာ LaFerrari Apertaကို ေရာင္းခ်လုိ႔ ရရွိသမွ် ေငြေၾကးအားလံုးကို Save the Children ရန္ပံုေငြအတြက္ လွဴဒါန္းသြားမွာ ျဖစ္ပါတယ္။ Ferrariဟာ ျမင္းေကာင္ေရ ၉၅၀ အား အင္ဂ်င္ တပ္ဆင္ထားတဲ့ ဟိုက္ပါကားေတြကို စုစုေပါင္း အစီးေရ ၂၁၀ သာ ထုတ္လုပ္ခဲ့ၿပီး တစ္စီးကို ေဒၚလာ ၂.၂ သန္းနဲ႔ ေရာင္းခ်ခဲ့ပါတယ္။ အခုကားကေတာ့ အီတလီ စူပါကား ကုမၸဏီရဲ႕ ေနာက္ဆံုးထုတ္ LaFerrari Apertaလို႔ ဆိုရမွာပါ။
 
အရင္က LaFerrari တစ္စီးကို ေလလံပြဲမွာ အျမင့္ဆံုး ကားအသစ္ ေစ်းအျဖစ္ ေဒၚလာ ၇ သန္းနဲ႔ ေရာင္းခ်ဖူးေပမယ့္ ဒီစံခ်ိန္ကို အခုကားက သာသာယာယာပဲ ခ်ိဳးဖ်က္ခဲ့ပါတယ္။ အဲဒီတုန္းကလည္း အီတလီက ငလ်င္ေဘးသင့္ ျပည္သူေတြအတြက္ လွဴဒါန္းဖုိ႔ ရည္ရြယ္ၿပီး ေလလံတင္ခဲ့တာပါ။
 
ကားအသစ္ တစ္စီးအတြက္ ေလလံပြဲမွာ အျမင့္ဆံုး ရရွိတဲ့ ေစ်းအေနနဲ႔ အခု LaFerrari Apertaက ေဒၚလာ ၁၀ သန္းနဲ႔ စံခ်ိန္တင္ခဲ့တာပါ။ ဒါေပမဲ့ ကားအသစ္ တစ္စီးအေနနဲ႔ တန္ဖိုးအႀကီးဆံုး စံခ်ိန္ေတာ့ မဟုတ္ပါဘူး။
 
အခုႏွစ္ အေစာပိုင္းက Rolls-Royceဟာ ေဖာက္သည္တစ္ဦး အထူးသီးသန္႔ မွာယူမႈအတြက္ ဖန္တီးေပးထားတဲ့ Sweptailဆိုတဲ့ တစ္စီးတည္းေသာ အထူးသီးသန္႔ ဇိမ္ခံကားကို ျပသခဲ့ၿပီး အဲဒီကားရဲ႕ တန္ဖိုးဟာ ေဒၚလာ ၁၃ သန္းနီးပါး က်သင့္ခဲ့ေၾကာင္း သိရပါတယ္။
 
Ref: Fox News
 
Unicode
 
လေလံပွဲမှာ ကားအသစ်တစ်စီးအတွက် စံချိန်တင်ဈေး ရရှိခဲ့တဲ့ LaFerrari Aperta
 
 
Ferrari ကားအသစ် တစ်စီးကို လေလံတင် ရောင်းချရာမှာ စံချိန်တင် ဈေးနှုန်းထိ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
Ferrariရဲ့ LaFerrari Aperta အသစ်ကို Sotheby လေလံဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ လေလံတင် ရောင်းချခဲ့ပြီး ယူရို ၈.၃ သန်း (ဒေါ်လာ ၁၀ သန်း)ထိ ရရှိခဲ့ပါတယ်။ အဲဒီ လေလံပွဲကို Ferrariရဲ့ ဇာတိမြို့ဖြစ်တဲ့ မာရန်နယ်လိုမှာ ပြုလုပ်ခဲ့တာပါ။
 
ကုမ္ပဏီရဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ် ကာလနဲ့ တိုက်ဆိုင်နေတဲ့ လေလံပွဲမှာ LaFerrari Apertaကို ရောင်းချလို့ ရရှိသမျှ ငွေကြေးအားလုံးကို Save the Children ရန်ပုံငွေအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ Ferrariဟာ မြင်းကောင်ရေ ၉၅၀ အား အင်ဂျင် တပ်ဆင်ထားတဲ့ ဟိုက်ပါကားတွေကို စုစုပေါင်း အစီးရေ ၂၁၀ သာ ထုတ်လုပ်ခဲ့ပြီး တစ်စီးကို ဒေါ်လာ ၂.၂ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ အခုကားကတော့ အီတလီ စူပါကား ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် LaFerrari Apertaလို့ ဆိုရမှာပါ။
 
အရင်က LaFerrari တစ်စီးကို လေလံပွဲမှာ အမြင့်ဆုံး ကားအသစ် ဈေးအဖြစ် ဒေါ်လာ ၇ သန်းနဲ့ ရောင်းချဖူးပေမယ့် ဒီစံချိန်ကို အခုကားက သာသာယာယာပဲ ချိုးဖျက်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း အီတလီက ငလျင်ဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး လေလံတင်ခဲ့တာပါ။
 
ကားအသစ် တစ်စီးအတွက် လေလံပွဲမှာ အမြင့်ဆုံး ရရှိတဲ့ ဈေးအနေနဲ့ အခု LaFerrari Apertaက ဒေါ်လာ ၁၀ သန်းနဲ့ စံချိန်တင်ခဲ့တာပါ။ ဒါပေမဲ့ ကားအသစ် တစ်စီးအနေနဲ့ တန်ဖိုးအကြီးဆုံး စံချိန်တော့ မဟုတ်ပါဘူး။
 
အခုနှစ် အစောပိုင်းက Rolls-Royceဟာ ဖောက်သည်တစ်ဦး အထူးသီးသန့် မှာယူမှုအတွက် ဖန်တီးပေးထားတဲ့ Sweptailဆိုတဲ့ တစ်စီးတည်းသော အထူးသီးသန့် ဇိမ်ခံကားကို ပြသခဲ့ပြီး အဲဒီကားရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၃ သန်းနီးပါး ကျသင့်ခဲ့ကြောင်း သိရပါတယ်။
 
Ref: Fox News

logo