Menu

You are here

ဘတ္ဂ်တ္ Hybrid စိတ္ကူးကို ေဖာ္ညႊန္းတဲ့ Conceptအသစ္ကို Toyota ထုတ္ျပ

ၿပိဳင္ဘက္ ကားကုမၸဏီႀကီးေတြနည္းတူ Toyotaကလည္း ဖရန္႔ဖတ္ ကားျပပြဲမွာ အေရးပါတဲ့ Concept လက္ရာသစ္ တစ္ခုကို ျပသခဲ့ပါတယ္။ C-HR Hy-Powerဟာ အနာဂတ္ ကာလမွာ ဘတ္ဂ်တ္ဗားရွင္း Hybridအင္ဂ်င္သံုး SUVေတြနဲ႔ ပတ္သက္လုိ႔ အေျခခံ စိတ္ကူးသစ္ေတြကို ထင္ဟပ္ေစခဲ့ပါတယ္။
 
Toyotaက ဒီConceptရဲ႕ စက္ပိုင္းဆိုင္ရာ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မေၾကညာခဲ့ပါဘူး။ ဒီကားဟာ 1.2-litre Turbo ဓာတ္ဆီအင္ဂ်င္ကို လွ်ပ္စစ္ေမာ္တာနဲ႔ ေပါင္းစပ္ ပံ့ပိုးေပးထားပါတယ္။ ကားရဲ႕ စက္အားကို တိတိက်က် မေၾကညာေပမယ့္ ဥေရာပ ေစ်းကြက္မွာ လက္ရွိ တင္ပို႔ေနတဲ့ C-HR SUVေတြထက္ ပိုၿပီး စြမ္းအင္ျမင့္တဲ့ အင္ဂ်င္ တည္ေဆာက္မႈကို အသံုးျပဳထားတယ္လုိ႔ ဆိုတယ္။
 
C-HR Hy-Powerကို Toyotaရဲ႕ ဥေရာပ အေျခစိုက္ ဒီဇိုင္းစတူဒီယို ED2က ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒီကားေတြဟာ အင္ဂ်င္ေသးငယ္ၿပီး ေစ်းႏႈန္း ေလွ်ာ့ခ်ထားႏုိင္မယ့္ Hybrid နည္းပညာသံုး SUVအေနနဲ႔ တည္ေဆာက္ဖို႔ ရည္ရြယ္ထားၿပီး ဒီဇိုင္းစိတ္ကူးပိုင္းမွာေတာ့ အမ်ားႀကီး အေျပာင္းအလဲ လုပ္ထားတယ္လုိ႔ ဂ်ပန္ကားကုမၸဏီႀကီးက ဆိုတယ္။
 
ကားရဲ႕ တာယာေတြမွာ ႀကီးမားတဲ့ လက္မ ၂၀ သတၱဳစပ္ ဘီးေခြေတြကို တပ္ဆင္ထားၿပီး က်ဉ္းေျမာင္းရွည္သြယ္တဲ့ ေ႐ွ႕မီးႀကီး တည္ေဆာက္ပံု၊ ထင္းထင္းရွင္းရွင္း ျဖစ္ေနတဲ့ အနီေရာင္ေတာက္ေတာက္ အမိုးဒီဇိုင္းေတြကိုပါ ေတြ႕ရပါတယ္။
 
ဒီကားေတြကို ေရာင္းတမ္းဝင္အဆင့္ ထုတ္လုပ္လာႏုိင္မယ့္ အေျခအေနကိုေတာ့ တိတိက်က် မသိရေသးပါဘူး။ သတင္းတခ်ိဳ႕ကေတာ့ Toyotaဟာ အနာဂတ္မွာ ဒီဇယ္အင္ဂ်င္သံုး ေမာ္ဒယ္လ္ေတြ ထုတ္လုပ္မႈကို ရပ္ဆုိင္းဖုိ႔ ရည္ရြယ္ထားၿပီး Hybrid နည္းပညာပိုင္းကို ပိုမိုအားျပဳလာဖြယ္ ရွိေနတယ္လုိ႔ သံုးသပ္ ေဖာ္ျပထားၾကပါတယ္။
 
Ref: Motoring
 
Unicode
 
ဘတ်ဂျတ် Hybrid စိတ်ကူးကို ဖော်ညွှန်းတဲ့ Conceptအသစ်ကို Toyota ထုတ်ပြ
 
 
ပြိုင်ဘက် ကားကုမ္ပဏီကြီးတွေနည်းတူ Toyotaကလည်း ဖရန့်ဖတ် ကားပြပွဲမှာ အရေးပါတဲ့ Concept လက်ရာသစ် တစ်ခုကို ပြသခဲ့ပါတယ်။ C-HR Hy-Powerဟာ အနာဂတ် ကာလမှာ ဘတ်ဂျတ်ဗားရှင်း Hybridအင်ဂျင်သုံး SUVတွေနဲ့ ပတ်သက်လို့ အခြေခံ စိတ်ကူးသစ်တွေကို ထင်ဟပ်စေခဲ့ပါတယ်။
 
Toyotaက ဒီConceptရဲ့ စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာခဲ့ပါဘူး။ ဒီကားဟာ 1.2-litre Turbo ဓာတ်ဆီအင်ဂျင်ကို လျှပ်စစ်မော်တာနဲ့ ပေါင်းစပ် ပံ့ပိုးပေးထားပါတယ်။ ကားရဲ့ စက်အားကို တိတိကျကျ မကြေညာပေမယ့် ဥရောပ ဈေးကွက်မှာ လက်ရှိ တင်ပို့နေတဲ့ C-HR SUVတွေထက် ပိုပြီး စွမ်းအင်မြင့်တဲ့ အင်ဂျင် တည်ဆောက်မှုကို အသုံးပြုထားတယ်လို့ ဆိုတယ်။
 
C-HR Hy-Powerကို Toyotaရဲ့ ဥရောပ အခြေစိုက် ဒီဇိုင်းစတူဒီယို ED2က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီကားတွေဟာ အင်ဂျင်သေးငယ်ပြီး ဈေးနှုန်း လျှော့ချထားနိုင်မယ့် Hybrid နည်းပညာသုံး SUVအနေနဲ့ တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး ဒီဇိုင်းစိတ်ကူးပိုင်းမှာတော့ အများကြီး အပြောင်းအလဲ လုပ်ထားတယ်လို့ ဂျပန်ကားကုမ္ပဏီကြီးက ဆိုတယ်။
 
ကားရဲ့ တာယာတွေမှာ ကြီးမားတဲ့ လက်မ ၂၀ သတ္တုစပ် ဘီးခွေတွေကို တပ်ဆင်ထားပြီး ကျဉ်းမြောင်းရှည်သွယ်တဲ့ ရှေ့မီးကြီး တည်ဆောက်ပုံ၊ ထင်းထင်းရှင်းရှင်း ဖြစ်နေတဲ့ အနီရောင်တောက်တောက် အမိုးဒီဇိုင်းတွေကိုပါ တွေ့ရပါတယ်။
 
ဒီကားတွေကို ရောင်းတမ်းဝင်အဆင့် ထုတ်လုပ်လာနိုင်မယ့် အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ သတင်းတချို့ကတော့ Toyotaဟာ အနာဂတ်မှာ ဒီဇယ်အင်ဂျင်သုံး မော်ဒယ်လ်တွေ ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ ရည်ရွယ်ထားပြီး Hybrid နည်းပညာပိုင်းကို ပိုမိုအားပြုလာဖွယ် ရှိနေတယ်လို့ သုံးသပ် ဖော်ပြထားကြပါတယ်။
 
Ref: Motoring
 
 

logo