Menu

You are here

Teslaကို စိန္ေခၚမယ့္ လွ်ပ္စစ္ကား Concept အသစ္ iVision Dynamicကို BMWျပသ

Teslaကို ထိပ္တုိက္ ယွဉ္ၿပိဳင္ဖို႔ ရည္ရြယ္ထားတဲ့ လွ်ပ္စစ္ကား Concept လက္ရာတစ္ခုကို BMWက ဖန္တီး မိတ္ဆက္ျပလုိက္ပါတယ္။
 
ဖရန္႔ဖတ္ ကားျပပြဲမွာ ပြဲထုတ္လာတဲ့ iVision Dynamicဟာ BMWရဲ႕ အနာဂတ္ စြမ္းေဆာင္ရည္ျမင့္ လွ်ပ္စစ္ ဇိမ္ခံကားေတြ ဖန္တီးမႈ ဒီဇိုင္း စိတ္ကူးကို အေကာင္းဆံုး ထင္ဟပ္ျပေနပါတယ္။ BMWဟာ အနာဂတ္ကာလ လွ်ပ္စစ္ကား Conceptေတြကို iVisionဆိုတဲ့ နာမည္နဲ႔ တည္ေဆာက္ မိတ္ဆက္ျပေနခဲ့တာ ျဖစ္ပါတယ္။
 
iVision Dynamicဟာ BMWရဲ႕ နာမည္ေက်ာ္ စူပါကား i8 ေမာ္ဒယ္လ္ကို ေျပာင္းလဲထားတဲ့ တံခါးေလးေပါက္ Coupeပံုစံပါ။ ဒီကားဟာ ရပ္နားထားရာကေန တစ္နာရီ မိုင္ ၆၀ ႏႈန္းကို ၄စကၠန္႔အတြင္း အရွိန္ျမႇင့္ႏုိင္ၿပီး အျမင့္ဆံုးျမန္ႏႈန္း တစ္နာရီ ၁၂၄ မိုင္ထိ ေမာင္းႏွင္ႏုိင္မယ္လုိ႔ ဆိုတယ္။
 
BMWက iVision Dynamicကို အေျခခံၿပီး ေရာင္းတမ္းဝင္အဆင့္ ဇိမ္ခံ လွ်ပ္စစ္ကား Coupeတစ္မ်ိဳး ေရာင္းခ်ဖုိ႔ ရည္မွန္းထားေၾကာင္း ေျပာပါတယ္။ ဒါဟာ ၂၀၂၅ ခုႏွစ္မွာ BMWရဲ႕ လွ်ပ္စစ္စြမ္းအင္ အသံုးျပဳ ကားေမာ္ဒယ္လ္ ၂၅ မ်ိဳးထိ ရွိေနဖုိ႔ မဟာဗ်ဴဟာ စီမံကိန္းမွာ အေရးပါတဲ့ အစိတ္အပိုင္း တစ္ခုလည္း ျဖစ္လာမွာပါ။ အဲဒီ ၂၅ မ်ိဳးမွာ ၁၂ မ်ိဳးက လွ်ပ္စစ္ကားျဖစ္ၿပီး က်န္တာကေတာ့ Hybrid ေမာ္ဒယ္လ္ေတြ အေနနဲ႔ ထြက္ေပၚလာမယ္လုိ႔ သိရပါတယ္။
 
Teslaရဲ႕ Model Sလို နာမည္ေက်ာ္ လွ်ပ္စစ္ကားေတြကို ယွဉ္ၿပိဳင္ဖို႔ အဓိက အားသာခ်က္က iVision Dynamicရဲ႕ တိုက္႐ိုက္ ေမာင္းႏွင္ႏုိင္စြမ္း ျဖစ္ႏုိင္ပါတယ္။ ဒီကားဟာ တစ္ႀကိမ္အားသြင္းၿပီးရင္ ၃၇၃ မိုင္ေလာက္ ဆက္တိုက္ ခရီးေပါက္ႏုိင္မယ္လုိ႔ ေျပာပါတယ္။
 
BMWဟာ လွ်ပ္စစ္ကား ရည္မွန္းခ်က္ကို အေလးအနက္ အေကာင္အထည္ ေဖာ္ေနၿပီး မၾကာေသးခင္ကလည္း Mini Countryman ကားေလးေတြကို လွ်ပ္စစ္စြမ္းအင္သံုး ေမာ္ဒယ္လ္အျဖစ္ ထုတ္လုပ္မယ့္ အစီအစဉ္ကိုလည္း မိတ္ဆက္ခဲ့ပါေသးတယ္။
 
Ref: BMW Blog
 
Unicode
 
Teslaကို စိန်ခေါ်မယ့် လျှပ်စစ်ကား Concept အသစ် iVision Dynamicကို BMWပြသ
 
 
Teslaကို ထိပ်တိုက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ လျှပ်စစ်ကား Concept လက်ရာတစ်ခုကို BMWက ဖန်တီး မိတ်ဆက်ပြလိုက်ပါတယ်။
 
ဖရန့်ဖတ် ကားပြပွဲမှာ ပွဲထုတ်လာတဲ့ iVision Dynamicဟာ BMWရဲ့ အနာဂတ် စွမ်းဆောင်ရည်မြင့် လျှပ်စစ် ဇိမ်ခံကားတွေ ဖန်တီးမှု ဒီဇိုင်း စိတ်ကူးကို အကောင်းဆုံး ထင်ဟပ်ပြနေပါတယ်။ BMWဟာ အနာဂတ်ကာလ လျှပ်စစ်ကား Conceptတွေကို iVisionဆိုတဲ့ နာမည်နဲ့ တည်ဆောက် မိတ်ဆက်ပြနေခဲ့တာ ဖြစ်ပါတယ်။
 
iVision Dynamicဟာ BMWရဲ့ နာမည်ကျော် စူပါကား i8 မော်ဒယ်လ်ကို ပြောင်းလဲထားတဲ့ တံခါးလေးပေါက် Coupeပုံစံပါ။ ဒီကားဟာ ရပ်နားထားရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို ၄စက္ကန့်အတွင်း အရှိန်မြှင့်နိုင်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၁၂၄ မိုင်ထိ မောင်းနှင်နိုင်မယ်လို့ ဆိုတယ်။
 
BMWက iVision Dynamicကို အခြေခံပြီး ရောင်းတမ်းဝင်အဆင့် ဇိမ်ခံ လျှပ်စစ်ကား Coupeတစ်မျိုး ရောင်းချဖို့ ရည်မှန်းထားကြောင်း ပြောပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်မှာ BMWရဲ့ လျှပ်စစ်စွမ်းအင် အသုံးပြု ကားမော်ဒယ်လ် ၂၅ မျိုးထိ ရှိနေဖို့ မဟာဗျူဟာ စီမံကိန်းမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်လာမှာပါ။ အဲဒီ ၂၅ မျိုးမှာ ၁၂ မျိုးက လျှပ်စစ်ကားဖြစ်ပြီး ကျန်တာကတော့ Hybrid မော်ဒယ်လ်တွေ အနေနဲ့ ထွက်ပေါ်လာမယ်လို့ သိရပါတယ်။
 
Teslaရဲ့ Model Sလို နာမည်ကျော် လျှပ်စစ်ကားတွေကို ယှဉ်ပြိုင်ဖို့ အဓိက အားသာချက်က iVision Dynamicရဲ့ တိုက်ရိုက် မောင်းနှင်နိုင်စွမ်း ဖြစ်နိုင်ပါတယ်။ ဒီကားဟာ တစ်ကြိမ်အားသွင်းပြီးရင် ၃၇၃ မိုင်လောက် ဆက်တိုက် ခရီးပေါက်နိုင်မယ်လို့ ပြောပါတယ်။
 
BMWဟာ လျှပ်စစ်ကား ရည်မှန်းချက်ကို အလေးအနက် အကောင်အထည် ဖော်နေပြီး မကြာသေးခင်ကလည်း Mini Countryman ကားလေးတွေကို လျှပ်စစ်စွမ်းအင်သုံး မော်ဒယ်လ်အဖြစ် ထုတ်လုပ်မယ့် အစီအစဉ်ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။
 
Ref: BMW Blog
 
 

logo