Menu

You are here

Mazda ရဲ႕ ယာဥ္မေတာ္တဆမႈကာကြယ္ေရးစနစ္

ယာဥ္မေတာ္တဆမႈကိုကာကြယ္ေရးအတြက္ထုတ္လုပ္လာတဲ့လုံျခဳံေရးစနစ္ေတြထဲက မာဇဒါရဲ့ နည္းပညာ တစ္ခုျဖစ္တဲ့ RVM ေခၚ Rear Vehicle Monitoring System ကလည္း အသုံး၀င္တဲ့နည္းပညာတစ္ခုျဖစ္ပါ တယ္။
 
ဒီစနစ္ရဲ့လုပ္ေဆာင္ပုံကေတာ့ ကားေနာက္ဘန္ဘာမွာတပ္ဆင္ထားတဲ့ ဘယ္ညာတစ္ဖက္ဆီက အာရုံခံေရဒါ စနစ္ေတြကအကြာအေ၀းကိုတြက္ခ်က္ေဆာင္ရြက္တာျဖစ္ပါတယ္။ ေနာက္ဘက္မွမိမိကားအနီးကိုအျခားနီးကပ္ တဲ့ လမ္းပိုင္းမွခ်ဥ္းကပ္လာတဲ့ ကားေတြရဲ့အကြာအေ၀းကိုတိုင္းတာတြက္ခ်က္ေနမွာျဖစ္ပါတယ္။
 
တြက္ခ်က္ရရွိတဲ့အခ်က္အလက္ေတြကိုအေျခခံၿပီးယာဥ္မေတာ္တဆမႈေတြျဖစ္ႏိုင္တဲ့အကြာအေ၀းတြင္းကိုတစ္ ဖက္ယာဥ္ေၾကာမွကား၀င္ေရာက္လာၿပီဆိုရင္ ၀င္ေရာက္လာမယ့္ဘက္က ေနာက္ၾကည့္မွအခ်က္ျပမီးက အခ်က္ျပမွျဖစ္ပါတယ္။ အခ်က္ျပခ်က္က ေမာင္ႏွင္ေနတဲ့ယာဥ္ေမာင္းျမင္သာႏိုင္တဲ့ အတြင္းဘက္မွန္ျမင္ကြင္း ကေနတဆင့္ျမင္ေတြ႔ရမွာျဖစ္ပါတယ္။
 
ကားတစ္စီးရဲ့ ျမင္ႏိုင္စြမ္းနည္းတဲ့ဧရိယာ(Blind Spot Area ) ကို၀င္ေရာက္လာတဲ့ကားေတြကိုသတိေပးအခ်က္ ျပမွာျဖစ္လို႔ ကားရဲ့ ယာဥ္မေတာ္တဆျဖစ္မႈကိုေလ်ာ့ခ်ေပးမယ့္(Helping Prevent Accident) နည္းပညာတစ္ ခုျဖစ္လာပါတယ္။
 
ဒီစနစ္ကို Mazda ကထုတ္လုပ္တဲ့ All-new Mazda 6 ေတြမွာပါ၀င္လာၿပီး ကားရဲ့ေမာင္ႏွင္မႈအနည္းဆုံးျမန္ႏႈန္း ၁၅ ကီလိုမီတာအထက္မွာစတင္လုပ္ေဆာင္မွာျဖစ္ပါတယ္။ဒီစနစ္က ညဘက္အလင္းအားနည္းခ်ိန္၊ နွင္က်ခ်ိန္၊ မိုးသည္းထန္ခ်ိန္ေတြမွာအသုံး၀င္မယ့္နည္းပညာတစ္ခုျဖစ္ပါတယ္။
 
Unicode
 
Mazda ရဲ့ ယာဉ်မတော်တဆမှုကာကွယ်ရေးစနစ်
 
ယာဉ်မတော်တဆမှုကိုကာကွယ်ရေးအတွက်ထုတ်လုပ်လာတဲ့လုံခြုံရေးစနစ်တွေထဲက မာဇဒါရဲ့ နည်းပညာ တစ်ခုဖြစ်တဲ့ RVM ခေါ် Rear Vehicle Monitoring System ကလည်း အသုံးဝင်တဲ့နည်းပညာတစ်ခုဖြစ်ပါ တယ်။
 
ဒီစနစ်ရဲ့လုပ်ဆောင်ပုံကတော့ ကားနောက်ဘန်ဘာမှာတပ်ဆင်ထားတဲ့ ဘယ်ညာတစ်ဖက်ဆီက အာရုံခံရေဒါ စနစ်တွေကအကွာအဝေးကိုတွက်ချက်ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ဘက်မှမိမိကားအနီးကိုအခြားနီးကပ် တဲ့ လမ်းပိုင်းမှချဉ်းကပ်လာတဲ့ ကားတွေရဲ့အကွာအဝေးကိုတိုင်းတာတွက်ချက်နေမှာဖြစ်ပါတယ်။
 
တွက်ချက်ရရှိတဲ့အချက်အလက်တွေကိုအခြေခံပြီးယာဉ်မတော်တဆမှုတွေဖြစ်နိုင်တဲ့အကွာအဝေးတွင်းကိုတစ် ဖက်ယာဉ်ကြောမှကားဝင်ရောက်လာပြီဆိုရင် ဝင်ရောက်လာမယ့်ဘက်က နောက်ကြည့်မှအချက်ပြမီးက အချက်ပြမှဖြစ်ပါတယ်။ အချက်ပြချက်က မောင်နှင်နေတဲ့ယာဉ်မောင်းမြင်သာနိုင်တဲ့ အတွင်းဘက်မှန်မြင်ကွင်း ကနေတဆင့်မြင်တွေ့ရမှာဖြစ်ပါတယ်။
 
ကားတစ်စီးရဲ့ မြင်နိုင်စွမ်းနည်းတဲ့ဧရိယာ(Blind Spot Area ) ကိုဝင်ရောက်လာတဲ့ကားတွေကိုသတိပေးအချက် ပြမှာဖြစ်လို့ ကားရဲ့ ယာဉ်မတော်တဆဖြစ်မှုကိုလျော့ချပေးမယ့်(Helping Prevent Accident) နည်းပညာတစ် ခုဖြစ်လာပါတယ်။
 
ဒီစနစ်ကို Mazda ကထုတ်လုပ်တဲ့ All-new Mazda 6 တွေမှာပါဝင်လာပြီး ကားရဲ့မောင်နှင်မှုအနည်းဆုံးမြန်နှုန်း ၁၅ ကီလိုမီတာအထက်မှာစတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ဒီစနစ်က ညဘက်အလင်းအားနည်းချိန်၊ နှင်ကျချိန်၊ မိုးသည်းထန်ချိန်တွေမှာအသုံးဝင်မယ့်နည်းပညာတစ်ခုဖြစ်ပါတယ်။
 
 
 
 

logo