Menu

You are here

Ford C-Max Hybrid 2017

Ford ကထုတ္လုပ္တဲ့ ကားေတြထဲက Ford C-Max Hybrid အေၾကာင္းကို အခုတစ္ပတ္ 7Day Cars အယ္ဒီတာအႀကိဳက္အျဖစ္ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။
 
Ford C-Max ကို ၂၀၀၃ ခုႏွစ္မွာစတင္မိတ္ဆက္ဆက္ခဲ့ၿပီး မ်ိဳးဆက္ႏွစ္ခုနဲ႔ ထုတ္လုပ္ထားပါတယ္။ Hybrid အမ်ိဳးအစားကိုေတာ့ ၂၀၁၁ ခုႏွစ္ ဒုတိယမ်ိဳးဆက္မွာ စတင္ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ ပထမ မ်ိဳးဆက္မွာကတည္းက အင္ဂ်င္ပါ၀ါအမ်ိဳးမ်ိဳးနဲ႔ ဂီယာေဘာက္အမ်ိဳးမ်ိဳးခြဲျခားထုတ္လုပ္ခဲ့တာ ေတြ႔ရပါတယ္။
 
ပထမမ်ိဳးဆက္ထုတ္လုပ္ခ်ိန္မွာ CVT ဂီယာကိုထည့္သြင္းထုတ္လုပ္ခဲ့တာေတြ႔ရၿပီး ေပါ့ပါးၿပီးဆီစား သက္သာတဲ့ ကားတစ္စီးအျဖစ္ထုတ္လုပ္ဖို႔ရည္ရြယ္ခဲ့တယ္လို႔ခန္႔မွန္းရပါတယ္။
 
2017 ေမာ္ဒယ္ Ford C-Max Hybrid ကို Hybrid SE , Hybrid Titanium , Energi SE , Energi Titanium ဆိုၿပီး ဂရိတ္ေလးမ်ိဳးျဖင့္ထုတ္လုပ္ပါတယ္။
 
ကိုယ္ထည္အမ်ိဳးက Hatchback ကိုယ္ထည္ျဖစ္ၿပီး အတြင္းခန္းက်ယ္၀န္းတဲ့ ဒီဇိုင္းျဖင့္ထုတ္လုပ္ထား ပါတယ္။ အတြင္းခန္းထိုင္ခုံႏွစ္တန္းနဲ႔ ေရွ႕ထိုင္ခုံပါ၀ါျဖစ္ပါတယ္။ ေနာက္ထိုင္ခုံေတြကေတာ့ေခါက္ သိမ္းထားႏိုင္လို႔ အထုတ္အပိုးတင္ၿပီးခရီးသြားမယ့္သူအတြက္လည္း အဆင္ေျပမယ့္ အတြင္းခန္းျဖစ္ ပါတယ္။
 
ေရွ႕ထိုင္ခုံႏွစ္လုံက ပါ၀ါထိုင္ခုံျဖစ္တဲ့အျပင္ Sport Seat ေတြတပ္ဆင္ေပးထားလို႔ လူငယ္ႀကိဳက္ ကားတစ္စီးျဖစ္ေစမွာပါ။ ေနာက္ဖုံး(ေနာက္တံခါး)က ပါ၀ါ တခါးျဖစ္ၿပီး Auto Open Sensor စနစ္ ပါ၀င္တာေတြ႔ရပါတယ္။
 
နည္းပညာပိုင္းမွာလည္း Parking Assist စနစ္၊ Dual Climate Aricon, Hill Assist စတဲ့ ေခတ္မွီကား နည္းပညာေတြျပည့္စုံတာေတြ႔ရပါတယ္။ Smart Phone ေတြနဲ႔ခ်ိတ္ဆက္လုပ္ေဆာင္မယ့္ MyFord Mobile စနစ္ကိုလည္းထည့္သြင္းထားတာေတြ႔ရပါတယ္။
 
Hybrid ဘဘဘက္ထရီအားသြင္းစနစ္ကို အင္ဂ်င္ အားသြင္းစနစ္အျပင္ လွ်ပ္စစ္ကားေတြရဲ႕ အားသြင္းစနစ္ ပုံစံမ်ိဳးနဲ႔ပါထုတ္လုပ္ေပးထာတာေတြ႔ရပါတယ္။
 
Ford C-Max Hybrid ရဲ႕ သေဘာက်စရာအခ်က္တစ္ခုကေတာ့ အမိုးမွာ Sunroof အက်ယ္ပါ၀င္ တာျဖစ္ပါတယ္။ Sunroof ရဲ႕ အက်ယ္က ေရွ႕ခန္း ထိုင္ခုံအေပၚကေန ေနာက္ခန္းထိုင္ခုံအဆုံးအထိ ပါ၀င္တာျဖစ္ပါတယ္။
 
ေရာင္းခ်တဲ့ေစ်းႏႈနးေတြကေတာ့ Hybrid SE က ေဒၚလာ ၂၄၀၀၀ေက်ာ္, Hybrid Titanium က ေဒၚလာ ၂၇၀၀၀ေက်ာ္ , Energi SE က ေဒၚလာ ၂၇၀၀၀ ေက်ာ္နဲ႔ Energi Titanium က ေဒၚလာ ၃၀၀၀၀ေက်ာ္ျဖစ္ပါတယ္။
 
Unicode
 
Ford C-Max Hybrid 2017
 
Ford ကထုတ်လုပ်တဲ့ ကားတွေထဲက Ford C-Max Hybrid အကြောင်းကို အခုတစ်ပတ် 7Day Cars အယ်ဒီတာအကြိုက်အဖြစ်ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
 
Ford C-Max ကို ၂၀၀၃ ခုနှစ်မှာစတင်မိတ်ဆက်ဆက်ခဲ့ပြီး မျိုးဆက်နှစ်ခုနဲ့ ထုတ်လုပ်ထားပါတယ်။ Hybrid အမျိုးအစားကိုတော့ ၂၀၁၁ ခုနှစ် ဒုတိယမျိုးဆက်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပထမ မျိုးဆက်မှာကတည်းက အင်ဂျင်ပါဝါအမျိုးမျိုးနဲ့ ဂီယာဘောက်အမျိုးမျိုးခွဲခြားထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။
 
ပထမမျိုးဆက်ထုတ်လုပ်ချိန်မှာ CVT ဂီယာကိုထည့်သွင်းထုတ်လုပ်ခဲ့တာတွေ့ရပြီး ပေါ့ပါးပြီးဆီစား သက်သာတဲ့ ကားတစ်စီးအဖြစ်ထုတ်လုပ်ဖို့ရည်ရွယ်ခဲ့တယ်လို့ခန့်မှန်းရပါတယ်။
 
2017 မော်ဒယ် Ford C-Max Hybrid ကို Hybrid SE , Hybrid Titanium , Energi SE , Energi Titanium ဆိုပြီး ဂရိတ်လေးမျိုးဖြင့်ထုတ်လုပ်ပါတယ်။
 
ကိုယ်ထည်အမျိုးက Hatchback ကိုယ်ထည်ဖြစ်ပြီး အတွင်းခန်းကျယ်ဝန်းတဲ့ ဒီဇိုင်းဖြင့်ထုတ်လုပ်ထား ပါတယ်။ အတွင်းခန်းထိုင်ခုံနှစ်တန်းနဲ့ ရှေ့ထိုင်ခုံပါဝါဖြစ်ပါတယ်။ နောက်ထိုင်ခုံတွေကတော့ခေါက် သိမ်းထားနိုင်လို့ အထုတ်အပိုးတင်ပြီးခရီးသွားမယ့်သူအတွက်လည်း အဆင်ပြေမယ့် အတွင်းခန်းဖြစ် ပါတယ်။
 
ရှေ့ထိုင်ခုံနှစ်လုံက ပါဝါထိုင်ခုံဖြစ်တဲ့အပြင် Sport Seat တေါတပ်ဆင်ပေးထားလို့ လူငယ်ကြိုက် ကားတစ်စီးဖြစ်စေမှာပါ။ နောက်ဖုံး(နောက်တံခါး)က ပါဝါ တခါးဖြစ်ပြီး Auto Open Sensor စနစ် ပါဝင်တာတွေ့ရပါတယ်။
 
နည်းပညာပိုင်းမှာလည်း Parking Assist စနစ်၊ Dual Climate Aricon, Hill Assist စတဲ့ ခေတ်မှီကား နည်းပညာတွေပြည့်စုံတာတွေ့ရပါတယ်။ Smart Phone တွေနဲ့ချိတ်ဆက်လုပ်ဆောင်မယ့် MyFord Mobile စနစ်ကိုလည်းထည့်သွင်းထားတာတွေ့ရပါတယ်။
 
Hybrid ဘဘဘက်ထရီအားသွင်းစနစ်ကို အင်ဂျင် အားသွင်းစနစ်အပြင် လျှပ်စစ်ကားတွေရဲ့ အားသွင်းစနစ် ပုံစံမျိုးနဲ့ပါထုတ်လုပ်ပေးထာတာတွေ့ရပါတယ်။
 
Ford C-Max Hybrid ရဲ့ သဘောကျစရာအချက်တစ်ခုကတော့ အမိုးမှာ Sunroof အကျယ်ပါဝင် တာဖြစ်ပါတယ်။ Sunroof ရဲ့ အကျယ်က ရှေ့ခန်း ထိုင်ခုံအပေါ်ကနေ နောက်ခန်းထိုင်ခုံအဆုံးအထိ ပါဝင်တာဖြစ်ပါတယ်။
 
ရောင်းချတဲ့ဈေးနှုနးတွေကတော့ Hybrid SE က ဒေါ်လာ ၂၄၀၀၀ကျော်, Hybrid Titanium က ဒေါ်လာ ၂၇၀၀၀ကျော် , Energi SE က ဒေါ်လာ ၂၇၀၀၀ ကျော်နဲ့ Energi Titanium က ဒေါ်လာ ၃၀၀၀၀ကျော်ဖြစ်ပါတယ်။
 
 

logo