Menu

You are here

Subaru Forester 2018

Subaru ကထုတ္လုပ္တဲ့ ကားေတြထဲက ျပည္တြင္းမွာ လူႀကိဳက္မ်ားႏိုင္တဲ့ Subaru Forester 2018 အေၾကာင္းကို အခုတစ္ပတ္ရဲ႕ 7Day Cars အယ္ဒီတာအႀကိဳက္ အျဖစ္ေရြးခ်ယ္ေဖာ္ျပေပး လိုက္ပါတယ္။
 
Subaru Forester ကို ၁၉၉၇ ခုႏွစ္ကစတင္ထုတ္လုပ္ခဲ့ၿပီး Crossover SUV ကိုယ္ထည္ ကားတစ္စီးျဖစ္ပါ တယ္။ တံခါး ၅ ေပါက္နဲ႔ SUV ကားကိုႀကိဳက္တဲ့ သူေတြအတြက္ေတာ့ Subaru Forester က ဇိမ္ခံေရာ လမ္းၾကမ္းေမာင္းအတြက္ပါ အသုံး၀င္ေစမယ့္ ကားတစ္စီးျဖစ္ပါတယ္။
 
Subaru Forester 2018 ကို အင္ဂ်င္ အရြယ္အစား ၂၅၀၀ စီစီျဖင့္ထုတ္လုပ္ထားၿပီး ဂရိတ္ ၆ မ်ိဳးခြဲျခား ထုတ္လုပ္တာေတြ႔ရပါတယ္။ ခြဲျခားထုတ္လုပ္တဲ့ ဂရိတ္ေတြကေတာ့ 2.5i, 2.5i Premium , 2.5i Limited ,2.5i Touring , 2.5 XT Premium , 2.5XT Touring ဆိုၿပီး ၆ မ်ိဳးခြဲျခားထားတာျဖစ္ပါတယ္။
 
အတြင္းခန္း လယ္သာထိုင္ခုံျဖစ္ၿပီး၊ ေရွ႕ထိုင္ခုံေတြက Sport Seat ေတြတပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ ပါ၀ါမွန္ပတ္လည္ျဖစ္ၿပီး ေရွ႕ထိုင္ခုံေတြက ပါ၀ါထိုင္ခုံေတြျဖစ္တာေတြ႔ရပါတယ္။ အဲကြန္းစနစ္က Automatic Climate Control စနစ္ျဖစ္ပါတယ္။
 
Sunroof အႀကီးျဖစ္ၿပီး central Door Lock စနစ္ကိုတပ္ဆင္ထားပါတယ္။ ေနာက္ထိုင္ခုံတန္း ေတြကိုလည္း လိုအပ္သလုိ ခ်ိန္ညွိလုပ္ေဆာင္ႏိုင္ၿပီး ေနာက္ခန္းအက်ယ္ လိုအပ္ရင္လည္း ေခါက္သိမ္းႏိုင္တဲ့ ထိုင္ခုံေတြကို တပ္ဆင္ေပးထားပါတယ္။
 
ဒီဂ်စ္တယ္ဒိုင္ခြက္ႏွစ္ခြက္ပါ၀င္ၿပီး စတီယာရင္ေရွ႕မွာ Speed Meter ဒိုင္ခြက္၊ Dashboard အလယ္မွာ Cars Information Display ဒိုင္ခြက္ကိုတပ္ဆင္ေပးထားပါတယ္။ ဒါ့အျပင္ Touch Screen LCD အႀကီးနဲ႔မီဒီယာ ပိုင္းမွာျပည့္စုံတဲ့ ကားတစ္စီးအျဖစ္ေတြ႔ရပါတယ္။
 
စတီယာရင္ ကြန္ထရိုးလ္ေတြပါ၀င္ၿပီး Back Camera Control ကိုေရွ႕ Dashboard အလယ္မွာ တပ္ဆင္ထားတာေတြ႔ရပါတယ္။ ေရွ႕ထိုင္ခုံလုံးၾကားမွာ အေသးစား ေရခဲေသတၱာေလးပါ၀င္ၿပီး ေခါင္းခန္း အမိုးေပၚမွာ ကားအေရးေပၚအခ်က္ျပမီးခလုတ္ေတြကို တပ္ဆင္ေပးထားပါတယ္။
 
ကိုယ္ထည္ပိုင္းဒီဇိုင္းေတြကိုလည္း အရင္က ေမာ္ဒယ္နဲ႔ကြဲျပားၿပီး ပိုၿပီးေခတ္မီတဲ့ ဒီဇိုင္းပုံစံ အခ်ိဳးနဲ႔ ေျပာင္းလဲထုတ္လုပ္ထားတာေတြ႔ရပါတယ္။ Aerodynamic ဒီဇိုင္းကလည္းပိုၿပီးေကာင္းမြန္တဲ့ ပုစံျဖစ္ေအာင္ဦးတည္ထုတ္လုပ္ထားတာေတြ႔ရပါတယ္။
 
ေရွ႕မီးႀကီးေတြ LED ေၾကာင္မ်က္လုံး ပုံစံနဲ႔ထုတ္လုပ္ထားၿပီးေနာက္ၿပီးခြက္ေတြကိုလည္း LED မီးေတြတပ္ဆင္ထားတာေတြ႔ရပါတယ္။ ေနာက္မွန္၀ိုက္ဘာ ၊ Spoiler ေတြကိုလည္းတပ္ဆင္ ေပးထာတာေတြ႔ရပါတယ္။
 
ထုတ္လုပ္တဲ့ ခြဲျခားေရာင္းခ်တဲ့ ေစ်းႏႈန္းေတြကေတာ့ 2.5i ကို ေဒၚလာ ၂၂၇၉၅ ၊ 2.5i Premium ကို ေဒၚလာ ၂၅၆၉၅၊ 2.5i Limited ကို ေဒၚလာ ၂၉၃၉၅၊ 2.5i Touring ကို ေဒၚလာ ၃၃၀၉၀၊ 2.5 XT Premium ကို ေဒၚလာ၂၉၄၉၅၊ 2.5XT Touring ကို ေဒၚလာ ၃၆၀၉၀ ဆိုၿပီး ခြဲျခားေရာင္းခ်ပါတယ္။
 
#Subaru_Forester_2018
 
Unicode
 
Subaru Forester 2018
 
Subaru ကထုတ်လုပ်တဲ့ ကားတွေထဲက ပြည်တွင်းမှာ လူကြိုက်များနိုင်တဲ့ Subaru Forester 2018 အကြောင်းကို အခုတစ်ပတ်ရဲ့ 7Day Cars အယ်ဒီတာအကြိုက် အဖြစ်ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။
 
Subaru Forester ကို ၁၉၉၇ ခုနှစ်ကစတင်ထုတ်လုပ်ခဲ့ပြီး Crossover SUV ကိုယ်ထည် ကားတစ်စီးဖြစ်ပါ တယ်။ တံခါး ၅ ပေါက်နဲ့ SUV ကားကိုကြိုက်တဲ့ သူတွေအတွက်တော့ Subaru Forester က ဇိမ်ခံရော လမ်းကြမ်းမောင်းအတွက်ပါ အသုံးဝင်စေမယ့် ကားတစ်စီးဖြစ်ပါတယ်။
 
Subaru Forester 2018 ကို အင်ဂျင် အရွယ်အစား ၂၅၀၀ စီစီဖြင့်ထုတ်လုပ်ထားပြီး ဂရိတ် ၆ မျိုးခွဲခြား ထုတ်လုပ်တာတွေ့ရပါတယ်။ ခွဲခြားထုတ်လုပ်တဲ့ ဂရိတ်တွေကတော့ 2.5i, 2.5i Premium , 2.5i Limited ,2.5i Touring , 2.5 XT Premium , 2.5XT Touring ဆိုပြီး ၆ မျိုးခွဲခြားထားတာဖြစ်ပါတယ်။
 
အတွင်းခန်း လယ်သာထိုင်ခုံဖြစ်ပြီး၊ ရှေ့ထိုင်ခုံတွေက Sport Seat တွေတပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ပါ၀ါမှန်ပတ်လည်ဖြစ်ပြီး ရှေ့ထိုင်ခုံတွေက ပါ၀ါထိုင်ခုံတွေဖြစ်တာတွေ့ရပါတယ်။ အဲကွန်းစနစ်က Automatic Climate Control စနစ်ဖြစ်ပါတယ်။
 
Sunroof အကြီးဖြစ်ပြီး central Door Lock စနစ်ကိုတပ်ဆင်ထားပါတယ်။ နောက်ထိုင်ခုံတန်း တွေကိုလည်း လိုအပ်သလို ချိန်ညှိလုပ်ဆောင်နိုင်ပြီး နောက်ခန်းအကျယ် လိုအပ်ရင်လည်း ခေါက်သိမ်းနိုင်တဲ့ ထိုင်ခုံတွေကို တပ်ဆင်ပေးထားပါတယ်။
 
ဒီဂျစ်တယ်ဒိုင်ခွက်နှစ်ခွက်ပါဝင်ပြီး စတီယာရင်ရှေ့မှာ Speed Meter ဒိုင်ခွက်၊ Dashboard အလယ်မှာ Cars Information Display ဒိုင်ခွက်ကိုတပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် Touch Screen LCD အကြီးနဲ့မီဒီယာ ပိုင်းမှာပြည့်စုံတဲ့ ကားတစ်စီးအဖြစ်တွေ့ရပါတယ်။
 
စတီယာရင် ကွန်ထရိုးလ်တွေပါဝင်ပြီး Back Camera Control ကိုရှေ့ Dashboard အလယ်မှာ တပ်ဆင်ထားတာတွေ့ရပါတယ်။ ရှေ့ထိုင်ခုံလုံးကြားမှာ အသေးစား ရေခဲသေတ္တာလေးပါဝင်ပြီး ခေါင်းခန်း အမိုးပေါ်မှာ ကားအရေးပေါ်အချက်ပြမီးခလုတ်တွေကို တပ်ဆင်ပေးထားပါတယ်။
 
ကိုယ်ထည်ပိုင်းဒီဇိုင်းတွေကိုလည်း အရင်က မော်ဒယ်နဲ့ကွဲပြားပြီး ပိုပြီးခေတ်မီတဲ့ ဒီဇိုင်းပုံစံ အချိုးနဲ့ ပြောင်းလဲထုတ်လုပ်ထားတာတွေ့ရပါတယ်။ Aerodynamic ဒီဇိုင်းကလည်းပိုပြီးကောင်းမွန်တဲ့ ပုစံဖြစ်အောင်ဦးတည်ထုတ်လုပ်ထားတာတွေ့ရပါတယ်။
 
ရှေ့မီးကြီးတွေ LED ကြောင်မျက်လုံး ပုံစံနဲ့ထုတ်လုပ်ထားပြီးနောက်ပြီးခွက်တွေကိုလည်း LED မီးတွေတပ်ဆင်ထားတာတွေ့ရပါတယ်။ နောက်မှန်ဝိုက်ဘာ ၊ Spoiler တွေကိုလည်းတပ်ဆင် ပေးထာတာတွေ့ရပါတယ်။
 
ထုတ်လုပ်တဲ့ ခွဲခြားရောင်းချတဲ့ စျေးနှုန်းတွေကတော့ 2.5i ကို ဒေါ်လာ ၂၂၇၉၅ ၊ 2.5i Premium ကို ဒေါ်လာ ၂၅၆၉၅၊ 2.5i Limited ကို ဒေါ်လာ ၂၉၃၉၅၊ 2.5i Touring ကို ဒေါ်လာ ၃၃၀၉၀၊ 2.5 XT Premium ကို ဒေါ်လာ၂၉၄၉၅၊ 2.5XT Touring ကို ဒေါ်လာ ၃၆၀၉၀ ဆိုပြီး ခွဲခြားရောင်းချပါတယ်။
 
#Subaru_Forester_2018
 
 
 

logo