Menu

You are here

Toyota Camry 2016

တိုယိုတာက ထုတ်လုပ်တဲ့ကားတွေထဲက ဟိုက်ဘရစ်ကားတစ်စီးဖြစ်တဲ့ Toyota Camry 2016 ရဲ့အကြောင်းကို အခုတစ်ပတ်ရဲ့ 7Day Cars အယ်ဒီတာအကြိုက်အဖြစ် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

တိုယိုတာ Camry ကို ၁၉၈၈က စတင်ထုတ်လုပ်ခဲ့ပြီး Sedan ကိုယ်ထည်အမျိုးအစားကားတစ်စီးဖြစ်ပါတယ်။ Hybrid ကားအဖြစ် ၂၀၁၁မှာစတင်ထုတ်လုပ် ခဲ့ပြီး အခြေခံဂရိတ်အမျိုးအစားသုံးမျိုးနဲ့ ထုတ်လုပ်ထား ပါတယ်။

ဂရိတ်ခွဲတွေအနေနဲ့ HybridLE, Hybrid SE, Hybrid XLE ဆိုပြီး သုံးမျိုးထုတ်လုပ်ထားတာတွေ့ ရပါတယ်။ ကိုယ်ထည်ပိုင်းဒီဇိုင်းကို ထူးခြားအချိုးအစား တွေနဲ့ထုတ်လုပ်ထားတာကြောင့် မြန်နှုန်းမြင့်မားစေပြီး လေခွင်းအားကောင်းမွန်စေပါတယ်။

ရှေ့မီးကြီးကိုလည်း LED မီးကြီးစနစ် တပ်ဆင်ထားပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ မီးစနစ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ၁၈လက်မရှိတဲ့ အလွိုင်းခွေကလည်း ကားရဲ့ ကိုယ်ထည်ပိုင်းဒီဇိုင်းနဲ့ လိုက်ဖက်ပြီး ခိုင်မာတဲ့ပုံစံ ရှိပါတယ်။

ကားအင်ဂျင်သံကို ထိန်းချုပ်ပြီး ညင်သာတဲ့ အင်ဂျင်သံထွက်ဖြစ်စေမယ့် နှစ်ထပ်အိတ်ဇောစနစ်(Dual Chrome- Tipped Exhaustကိုလည်း တပ်ဆင်ထုတ်လုပ် ထားပါတယ်။

အတွင်းခန်း

ကားအတွင်းခန်းဒီဇိုင်းတွေကိုလည်း ဇိမ်ကားကောင်းတစ်စီးလို ပြည့်ပြည့်စုံစုံတပ်ဆင်ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ထိုင်ခုံ တွေကို Sport Car Seatတွေနဲ့ တပ်ဆင်ထုတ်လုပ်ထားပြီး စတီယာရင်အောက်မှာပါဝင်တဲ့ Paddle  Shifters ကလည်း ဂီယာထိန်းကျောင်းမောင်းနှင်ရတာ လွယ်ကူစေမှာ ဖြစ်ပါတယ်။

ထိုင်ခုံတွေကိုလည်း အပူချိန်နဲ့ လေအ၀င်အထွက် ကောင်းမွန်စေတဲ့ပုံစံနဲ့ တပ်ဆင်ထားပြီး Leather တစ်ဝက်ပါတဲ့ ထိုင်ခုံ အမျိုးအစားတွေဖြစ်ပါတယ်။ Camry Center Stack ဆိုတဲ့စနစ်ကလည်းကားရဲ့အတွင်းခန်း Dashboard LCDကနေတစ်ဆင့် ကားရဲ့မီဒီယာပိုင်း ထိန်းချုပ်လုပ်ဆောင်မှုတွေကို ပြုလုပ်နိုင်ပါတယ်။

ရှေ့ခန်းမှာထိုင်ခုံအတွက် Moonroof ပါဝင်ပြီး နောက်ခန်း ထိုင်ခုံတွေကိုလည်း သက်သောင့်သက်သာရှိစေမယ့် ထိုင်ခုံတွေအ ဖြစ် တပ်ဆင်ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

ဒရိုင်ဘာထိုင်ခုံကိုလည်း ပုံစံရှစ်မျိုးပြောင်းလဲလို့ရတဲ့ ပါဝါထိုင်ခုံအဖြစ် ထုတ်လုပ်ထားပြီး အသံပိုင်းစနစ်ကိုတော့ JBL တံဆိပ်Audio ပစ္စည်းတွေကို တပ်ဆင်ထားပါတယ်။  တံခါးလက်တင်နဲ့ Dashboard တွေကိုတော့ ကျွန်းကွက်ဒီဇိုင်းတွေနဲ့ တပ်ဆင်ထုတ် လုပ်ထားပါတယ်။ အတွင်းခန်း တည်ဆောက်ထားပုံက ပြင်ပဆူ ညံသံတွေကို လျှော့ချပေးနိုင်တဲ့အပြင် ကားရဲ့အင်ဂျင်သံကအစ မကြားနိုင်တဲ့တပ်ဆင်မှုဖြင့် တပ်ဆင်ထုတ်လုပ်ထားတာဖြစ်ပါ တယ်။

နည်းပညာပိုင်း

ကားနဲ့ ချိတ်ဆက်လုပ် ဆောင်နိုင်တဲ့ နည်းပညာပိုင်းတွေ ကိုတော့ အဆင့်မြင့်နည်းပညာ တွေ တပ်ဆင်ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ဖုန်းတွေကို ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်တဲ့ wirelessအားသွင်းစနစ်၊ Entune လို့ခေါ်  တဲ့ ဖုန်းအက်ပ်တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့ Touch Screen စနစ်၊ လမ်းကြောင်းပြစနစ်၊ ခရီးစဉ်မှတ်တမ်းတင်စနစ်၊ စတီယာရင်ကွန်ထရိုးစနစ်၊ ဂီယာမှာလည်းS+, S- စနစ်တွေကိုလည်း တပ် ဆင်ထုတ်လုပ်ထားပါတယ်။

 

ဟိုက်ဘရစ်စွမ်းဆောင်ရည်

ဟိုက်ဘရစ်အင်ဂျင်ရဲ့ စွမ်း ဆောင်ရည်ပိုင်းကလည်း အခု ခေတ် ဟိုက်ဘရစ်ကားတွေထဲ မှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင် ရည်တွေ ပါဝင်လာပါတယ်။ မြင်းကောင် ၂၀၀ အားရှိတဲ့ ဟိုက် ဘရစ်အင်ဂျင်ကကားရဲ့ ဆီစားနှုန်းကို ၄၀ MPG အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဟိုက်ဘရစ်အင်ဂျင်ကို မောင်းနှင်နေချိန်မှာပဲ အင်ဂျင်အ ခြေအနေနဲ့ လုပ်ဆောင်နေပုံတွေ ကို အတွင်းခန်း LCD ကနေ စောင့်ကြည့်နိုင်ပါတယ်။

လုံခြုံရေးနည်းပညာ

ကားလုံခြုံရေးပိုင်း နည်း ပညာတွေကိုတော့ တိုယိုတာရဲ့ ထုံးစံအတိုင်း နောက်ဆုံးပေါ်လုံခြုံ ရေးနည်းပညာတွေကို တပ်ဆင်ထားပါတယ်။ အဓိကထူးခြားတာကတော့ နောက်ကြည့်မှန်ကနေ တစ်ဆင့် ယာဉ်မောင်းမမြင်နိုင်တဲ့ နေရာက Blind Spot  အချက်ပြ စနစ်ပါဝင်တာ ဖြစ်ပါတယ်။  Blindspot အချက်ပြကို ကား Dash-board မှ တင်မဟုတ်ဘဲ နောက် ကြည့်မှန်မှာ  အ၀ါရောင်အချက် ပြဖြင့်ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တာယာ လေဖိအား စောင့်ြ ကည့်စနစ်နဲ့ အချက်ပြစနစ် တွေကိုလည်း ကားဒိုင်ခွက်တွေက နေတစ်ဆင့် အချက်ပေးစနစ်က အချက်ပြမှာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးအတွက် အရေးပေါ်အ သက်ကယ်လေအိတ် ၁၀ လုံးကို တပ်ဆင်ပေးထားပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ တော့ Toyota Camry 2012 အထိတင်သွင်း ရောင်းချနေကြပြီး ပေါက်ဈေးကျပ်သိန်း ၇၀၀ ၀န်း ကျင်ရှိပါတယ်။

 

_အောင်ဖြိုးမွန်

logo