Menu

You are here

Honda Odyssey

ဟွန်ဒါကထုတ်လုပ်ခဲ့တဲ့ ကားတွေထဲက မိသားစုစီးကားဖြစ်တဲ့ Honda Odyssey ရဲ့အကြောင်းကို အခုတစ်ပတ်ရဲ့ 7Day Cars အယ်ဒီတာအကြိုက်အဖြစ် ရွေးချယ်ဖော်ပြလိုက်ပါတယ်။

ဟွန်ဒါ Odyssey 2016 မော် ဒယ်မှာ တပ်ဆင်ထုတ်လုပ်လာတဲ့ ကားအဆင့်မြင့်နည်းပညာတွေရဲ့ လုပ်ဆောင်ချက်၊ တည်ဆောက် ထားပုံတွေက ဆွဲဆောင်မှုကောင်း လာစေပါတယ်။ မိသားစုသုံးဇိမ်ခံ ကားတစ်စီးလည်းဖြစ်ပြီး အတွင်းခန်းကျယ်ဝန်းတာ၊ ထိုင်ခုံတွေကို လိုအပ်သလို ပြောင်းလဲလုပ် ဆောင်နိုင်တာတွေကြောင့် ဟွန်ဒါOdyssey ကို လူကြိုက်များခဲ့ပါ တယ်။

အခုလည်း ၂၀၁၆ Odyssey ကို လူကြိုက်များစေတဲ့ ကားတစ် စီးအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ ၂၀၁၆ ဟွန်ဒါ Odyssey ကိုLX, EX, SE, EX-L, Touring, Touring Elite ဆိုပြီး ဂရိတ်ခြောက်မျိုးထုတ်လုပ်ပါတယ်။ ထုတ်လုပ်တဲ့ ဂရိတ်တွေထဲမှာTouring Elite ဂရိတ်က အမြင့်ဆုံးဂရိတ်ဖြစ်ပြီး LX က အနိမ့်ဆုံးဂရိတ်ဖြစ် ပါတယ်။

ဟွန်ဒါ Odyssey ရဲ့ အပြင်ကိုယ်ထည်ပိုင်းတည်ဆောက်ပုံ က တခြား Mini Van-1Box ကိုယ် ထည်အမျိုးအစားကားတွေနဲ့မတူ ဘဲ ကွဲလွဲနေတာ တွေ့ရပါတယ်။ရှေ့တံခါးလက်ကိုင်နဲ့ နောက်တံ ခါးလက်ကိုင်တွေက ကပ်လျက်  တပ်ဆင်ထားပြီး နောက်တံခါးကထိုးတံခါးဖြစ်ပါတယ်။

၂၀၁၆ မော်ဒယ်မှာ ထူးထူး ခြားခြားပါဝင်လာတာက နောက်ကြည့်မှန်အချက်ပြမီးတွေအပြင်နောက်ကြည့်မှန်အောက်မှာပါ ကင်မရာပါဝင်လာတာ ဖြစ်ပါ တယ်။ ပါဝင်လာတဲ့ကင်မရာက ကားရဲ့ပါကင်စနစ်၊ အတွင်းခန်း တီဗီမြင်ကွင်းရဲ့ တိကျမှုကို အ ထောက်အကူပြုပြီး ကားရဲ့မြန် နှုန်း အာရုံခံစနစ်၊ ရာသီဥတုအ ခြေအနေပေါ်မူတည်တဲ့ ခရီးသည် ဘက်က ယာဉ်ကြောအခြေအနေ စောင့်ကြည်တာတွေကို ထောက် ပံ့ကူညီပေးနိုင်ပါတယ်။

ဂရိတ်အားလုံးမှာ ပါဝင်နေ တာမဟုတ်ဘဲ ingenious Honda Lane Watch စနစ်ပါဝင်တဲ့ EX, EX-L, Tourning, Touring Elite ဂရိတ်တွေမှာ ပါဝင်လာတာ တွေ့ရပါတယ်။ နောက်ကြည့်မှန်တွေက ပါဝါဖြစ်လို့ အတွင်းခန်းဒရိုင် ဘာထိုင်ခုံကနေတစ်ဆင့် လိုအပ် သလို စိတ်ကြိုက်ချိန်ညှိနိုင်ပါ တယ်။

ရှေ့မီးကြီးကိုလည်း LED Projector မီးကြီးကို အသုံးပြုထားတာဖြစ်လို့ ညဘက်နဲ့ရာသီဥတု ပြင်းထန်ချိန်တွေမှာ မောင်းနှင်ဖို့အထူးသင့်တော်တဲ့ ကားတစ်စီး ဖြစ်လာပါတယ်။ အလင်းရောင်ရရှိမှုအနေအထားပေါ်မူတည်ပြီး အလင်းရောင် အနည်းအများချိန် ပေးနိုင်တဲ့ HID မီးကြီးအမျိုးအစား ကိုတော့ Touring Elite ဂရိတ်မှာ တပ်ဆင်ထုတ်လုပ်တာ တွေ့ရပါတယ်။ နောက်မှန်ဝိုက်ဘာ၊ နောက်မှန် Spoiler တွေကိုလည်း ဂရိတ်တိုင်းမှာ တပ်ဆင်ထုတ်လုပ် လာတာလည်း တွေ့ရပါတယ်။

EX-L မော်ဒယ်အထက် ဂရိတ်တွေဖြစ်တဲ့ EX-L, Touring,Touring Elite ဆိုတဲ့ ဂရိတ်သုံးမျိုး အတွက် နောက်မီးတန်းအပြည့် ပုံစံနဲ့ထုတ်လုပ်ပြီး တခြားဂရိတ် တွေကိုတော့ အလယ်မှာရောင် ပြန်မီးတန်းအရောင်ကွဲလောက် သာ တပ်ဆင်ထုတ်လုပ်တာ တွေ့ ရပါတယ်။

ဒါ့အပြင် EX-L, Touring, Touring Elite ဂရိတ်တွေကို Smart Entry စနစ်ဖြင့် SmartKey စနစ်ကို အသက်သွင်းထုတ် လုပ်ထားတာ တွေ့ရပါတယ်။ ရှေ့ရှဲလ်မှာ ပါကင်ဆင်ဆာစနစ်နဲ့ ကင်မရာတစ်လုံး၊ Fog light မီးတို့ကိုလည်း တပ်ဆင်ထုတ်လုပ်လာ တာ တွေ့ရပါတယ်။

ကိုယ်ထည်ပိုင်း တည် ဆောက်မှုရဲ့ နောက်ဆုံးဆွဲဆောင်နိုင်တဲ့အချက်ကတော့ အလွိုင်းခွေ၁၈ လက်မကို တပ်ဆင်ထုတ်လုပ် ထားခြင်းတို့ဖြစ်ပါတယ်။

 

အတွင်းခန်း

Odyssey ရဲ့ အတွင်းခန်းက တော့ လူသိများပြီးဖြစ်တဲ့ ထိုင်ခုံ သုံးတန်းဖြစ်တာ နောက်ထိုင်ခုံ တွေ ခေါက်သိမ်းထားနိုင်တာနဲ့ ဂီယာလက်ကိုင်က Dashboard အထိုင်ဖြစ်တာတွေ ဖြစ်ပါတယ်။ ၂၀၁၆ Odyssey ကိုတော့ အတွင်းခန်းတည်ဆောက်မှုက ထူးခြားတဲ့ အချက်တွေ ထပ်မံဖြည့်စွက် ထုတ်လုပ်လာတာ တွေ့ရပါ တယ်။

နောက်ခန်းထိုင်ခုံတွေကို ခေါက်သိမ်းလိုက်ရင် နောက်ခန်း တစ်ခန်းလုံးက မျက်နှာပြင်အညီဖြစ်သွားပြီး ကုန်ပစ္စည်းနဲ့အထုပ်အပိုးတွေ အများအပြားဝင်ဆံ့တာ ဖြစ်ပါတယ်။

ထိုင်ခုံတွေကို ခေါက်သိမ်းလို့ရတာအပြင် ထိုင်ခုံတန်း တစ်ခုချင်းအလိုက် လုပ်ဆောင် ချက်အသစ်တွေကိုလည်း ဖြည့် စွက်ထုတ်လုပ်လာပါတယ်။

နောက်ဆုံးတန်းထိုင်ခုံကနေအလယ်တန်းထိုင်ခုံ အလယ်ခုံပေါ်မှာ ရေခွက်တင်လို့တဲ့နေရာနဲ့ တခြား Featured အသစ်တွေကို လည်း ထည့်သွင်းထားပါတယ်။ အဓိကလုပ်ဆောင်ချက်များတာ ကတော့ အလယ်တန်းထိုင်ခုံသုံး လုံးဖြစ်ပြီး အလယ်ခုံကတော့ စွယ်စုံသုံးထိုင်ခုံတစ်ခု ဖြစ်ပါတယ်။ ထိုင်ခုံပုံစံအတိုင်းသုံးမယ်ဆိုရင် Child Seat  အထောက်အကူပြု ထိုင်ခုံအဖြစ်သုံးနိုင်ပြီး လိုအပ် သလို ရှေ့တိုးနောက်ဆုတ်လုပ်လို့ ရတဲ့ ပမာဏက ရှေ့ခန်းထိုင်ခုံအ နားအထိ ဆွဲကပ်ထားနိုင်တာဖြစ် ပါတယ်။

အလယ်ခုံကို ထိုင်ခုံအဖြစ် မသုံးဘဲ စားပွဲအဖြစ်သုံးမယ်ဆို ရင်လည်း ထိုင်ခုံကိုခေါက်လိုက်တာနဲ့ ရေခွက်တင်တဲ့နေရာလေးခုနဲ့ စာအုပ်နဲ့ အစားအစာတင်နိုင် တဲ့ စားပွဲခုံတစ်ခုလို သုံးလို့ရမှာဖြစ်ပါတယ်။ ရှေ့ခန်းထိုင်ခုံတွေ ကတော့ ပါဝါထိုင်ခုံတွေဖြစ်ကြပြီး လိုအပ်သလို ချိန်ညှိလုပ်ဆောင် နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရှေ့ခန်း Dash-board အောက်တည့်တည့်မှာ လည်း ရေသန့်လေးဘူး ထည့်ထား နိုင်တဲ့ အသေးစားရေခဲသေတ္တာ ပါဝင်တာ တွေ့ရပါတယ်။ ထိုင်ခုံတွေရဲ့ နေရာယူပုံတွေ၊ အသုံးဝင် တာတွေပြီရင်တော့ နောက်ထပ်စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကတော့ အမိုးတီဗီပါဝင် တာဖြစ်ပါတယ်။ မိသားစုအားလုံး ကြည့်နိုင်တဲ့ ဖျော်ဖြေရေး LCDကြီးက ကားတွေမှာ ပါဝင်မှုနည်း တဲ့ ၁၆ ဒသမ ၂ လက်မအရွယ်၊ အရွယ်အစားကြီး ကားတီဗီတစ် မျိုးကို တပ်ဆင်ထားတာကလည်း ထူးခြားတဲ့လုပ်ဆောင်ချက်တစ် ခုဖြစ်ပါတယ်။ တီဗီကြီးကို လိုအပ်မှ အလိုအလျောက် လှန်ချနိုင်ပြီး ပုံမှန်အတိုင်းဆိုရင် အမိုးကို ခေါက်ထည့်သိမ်းဆည်းထားနိုင်မှာ ဖြစ် ပါတယ်။

နောက်တစ်ချက်ကတော့ အမိုးပိုင်းက အချိုးပုံစံနှစ်မျိုးသုံးနိုင် တဲ့ moonroof ဖြစ်ပါတယ်။ moonroof ကို Half & Full ဆိုပြီးအချိုးနှစ်မျိုးဖွင့်သုံးနိုင်ပြီး အလိုအလျောက်နေကာမှန်ကို အသုံးပြု ထားပါတယ်။ ဒါ့အပြင် ဘေးတံခါးတွေကိုလည်း နေကာပိတ်လိပ် တွေ တပ်ဆင်ပေးထားလို့ ကားစီးရင် အပ်တတ်သူတွေအတွက် တော့ အကောင်း ဆုံးဖြစ်မှာပါ။

အတွင်းခန်းထဲက နောက် ဆုံးဆွဲဆောင်မယ့်အရာကတော့ Dashboard LCD ဖြစ်ပါတယ်။ Bluetooth, AM/FM Radio, DVDPlayer, USB, iPod connect တွေပါဝင်လို့ မီဒီယာပိုင်းမှာ စွယ်စုံသုံး နိုင်တဲ့ မီဒီယာစနစ်ကို တပ်ဆင် ထားပါတယ်။ ယင်း LCD က မီဒီ ယာစနစ်ပိုင်း အထောက်အကူပြု ရုံတင်မဟုတ်ဘဲ ပါကင်ထိုးတဲ့နေ ရာမှာလည်း နောက်ကင်မရာ၊ ဘေးကင်မရာတွေနဲ့ ပေါင်းစပ် လုပ်ဆောင်တဲ့ Intelligent Par-king စနစ်ကို အထောက်အကူပြု နိုင်ပါတယ်။

ဒါ့အပြင်မောင်းနှင်နေချိန် မှာလည်း ဆန့်ကျင်ဘက်ယာဉ် ကြောနဲ့ အပြိုင်မောင်းနှင်ယာဉ် ကြောတွေမှာရှိတဲ့ ယာဉ်ကြောအ ခြေအနေတွေကို စောင်ကြည့်ဖော် ပြပေးနေနိုင်ပါတယ်။ ဒါကြောင့် Honda Odyssey 2016 ရဲ့ အတွင်းခန်းက ဇိမ်ခံကားတစ်စီး လို ပြည့်စုံနေပြီလိုဆိုနိုင်ပါတယ်။

အင်ဂျင်ပိုင်း

ဟွန်ဒါ Odyssey လို့ပြောရင်အင်ဂျင်အရွယ်အစား၂၂၀၀စီစီ၊၂၃၀၀စီစီနဲ့ ၃၀၀၀စီစီလောက် အထိသာ လူသိများပြီး ထုတ်လုပ်မှုသက်တမ်းတစ်လျှောက်လုံးမှာ လည်း ၂၀၁၅ အထိ ယင်းအရွယ် အစားအင်ဂျင်တွေနဲ့သာ ထုတ် လုပ်လာခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ ၂၀၁၆ ဟွန်ဒါ Odyssey ကိုတော့ ၃၅၀၀စီစီ i-VTEC အင်ဂျင်ကိုပါ တပ်ဆင် ထုတ်လုပ်လာတာကလည်း 2016Odyssey ရဲ့ အဓိကဆွဲဆောင်မှု ဖြစ်လာစေပါတယ်။ အင်ဂျင်အ ရွယ်က ၃၅၀၀စီစီဖြစ်လို့ ဆီစားနှုန်းမြင့်မယ်လို့ အားလုံးကထင်နိုင်ပေမယ့် တကယ်တမ်းမှာတော့ i-VTEC ရဲ့ VCM နည်းပညာပေါင်းစပ်ထုတ်လုပ်မှုကြောင့် အင်ဂျင် အရွယ်နဲ့ မလိုက်အောင်ကို ဆီစားနှုန်းသက်သာနေတာ တွေ့ရပါ တယ်။

Honda Odyssey 2016 ရဲ့ ဂရိတ်အလိုက်ဈေးနှုန်းတွေက တော့

Touring Elite ---------USD44875

Touring ----- USD42305

EX-L -------- USD36050

SE  --------- USD33500

EX  --------- USD32550

LX -------- USD29400 ကျသင့်မှာ ဖြစ်ပါတယ်။ ပြည် တွင်းဈေးကွက်ထဲမှာတော့ Hon-da Odyssey ကို ၂၀၀၉/၂၀၁၀ မော်ဒယ်တွေအထိသာ အတွေ့ ရများပြီး မော်ဒယ်အမြင့်ပိုင်းတွေ ကိုတော့ တင်သွင်းနှုန်းနည်းပါး နေသေးတာ တွေ့ရပါတယ်။

ဖော်ပြပါဈေးနှုန်းမှာ စက်ရုံ ထုတ်တိုက်ရိုက်ရောင်းဈေးဖြစ်ပြီးဝယ်ယူတင်သွင်းတဲ့နိုင်ငံပေါ် မူတည်ပြီး သဘောင်္တင်ခ၊ ပင် လယ်ရေကြောင်းအာမခံနဲ့ ပြည် တွင်းက သတ်မှတ်တဲ့အခွန်းနှုန်း ထားတွေကို ထပ်မံဖြည့်စွက်တွက်ချက်နိုင်ပါတယ်။ Honda Ody-ssey 2016 ကို ရွေးချယ်ဝယ်ယူ နိုင်မယ့် အရောင်တွေကတော့ အပြာ၊ အနီ၊ ခဲရောင်၊ မီးခိုးရောင်၊အနက်ရောင်နဲ့ ပုလဲဖြူရောင်တွေ ဖြစ်ပါတယ်

logo