Menu

You are here

လမ်းသွားလမ်းလာတွေ မထိခိုက်အောင် သတိထားပြီး ကားမောင်းသင့်တဲ့ နေရာတွေ

သတိလက်လွတ်ဖြစ်တဲ့ ယာဉ်မောင်းတချို့ကြောင့် လမ်းသွားလမ်းလာတွေ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုအရေအတွက်တွေ များနေဆဲဖြစ်ပြီး ယာဉ်မောင်းတွေ အနေနဲ့လည်း ယာဉ်ပေါ်ရောက်ပြီဆိုတာနဲ့အန္တရာယ်ကင်းဖို့အတွက် ဦးစားပေးစဉ်းစားထားဖို့လိုတာမို့ ဘယ်လိုနေရာတွေမှာ သတိထားမောင်းနှင်ဖို့လိုတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကျောင်းပတ်ဝန်းကျင်

ကလေးသူငယ်တွေ၊ မိဘတွေ၊ ဈေးသည်တွေ၊ ကားတွေ စသဖြင့်အသွားအလာရှုပ်နေတဲ့ နေရာမို့ အရှိန်နှုန်းကို ထိန်းမောင်းဖို့လိုသလို ပတ်ဝန်းကျင်ကိုလည်း စက္ကန့်မလပ် သတိပြုနေဖို့လည်းလိုပါတယ်။ အသက် (၅) နှစ်ကနေ (၉)နှစ်အကြား အရွယ်ကလေး ၂၀ ရာခိုင်နှုန်းလောက်ဟာ ယာဉ်တိုက်မှုတွေကြောင့် သေဆုံးရတယ်လို့ ဆိုပါတယ်။

ကားပါကင်

ကားရပ်ဖို့နေရာကိုပဲ သဲကြီးမဲကြီးရှာနေတာနဲ့ လမ်းလျှောက် ထွက်လာသူတွေနဲ့ တခြားကားတွေကို သတိမထားမိဘဲ တိုက်မိတတ်တာမျိုးတွေ ဖြစ်တတ်တာကြောင့် ပါကင်နေရာရော အခြားသူတွေအန္တရာယ်ကင်းဖို့အတွက်ပါကြည့်ဖို့လိုပါတယ်။

မြို့တွင်းလမ်းများ

လမ်းသွားလမ်းလာတွေ၊ ယာဉ်တွေနဲ့ အမြဲရှုပ်နေတဲ့ နေရာတွေဖြစ်သလို ရုတ်တရက်လမ်းဖြတ်ကူးသူတွေနဲ့လည်း ကြုံရတတ်လို့ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။

ပွဲတော်များ

လမ်းမပေါ်မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပနေချိန်တွေ၊ အားကစား ပြိုင်ပွဲ၊ ဖျော်ဖြေပွဲစတာတွေရှိနေရင် အန္တရာယ်အကင်းဆုံးဖြစ်ဖို့ ခပ်ဝေးဝေးလမ်းကြောင်းကသာ ရှောင်မောင်းလိုက်ပါ။

ရုံးပိတ်ရက်များ

ရုံးပိတ်ရက်တွေမှာဆိုရင် လမ်းတွေထဲမှာ ပျော်ရွှင်ပွဲတွေ လုပ်လေ့ရှိသလို ညနေဘက်တွေမှာလည်း လမ်းတွေထဲမှာ ကလေးတွေထွက်ကစားကြတာတွေလည်းရှိတာမို့ ကိုယ်မကျွမ်းကျင်တဲ့လမ်းဆို ပိုလို့သာ သတိထားပါ။     —Ref: drivingtest

logo