Menu

You are here

Suzuki Ciaz 2016

ဆူဇူကီးက ပြည်တွင်းမှာ အသစ်မိတ်ဆက်လိုက်တဲ့ Suzuki Ciaz2016 အကြောင်းကို အခုတစ် ပတ်ရဲ့ 7Day Cars အယ်ဒီတာ အကြိုက်အဖြစ် ရွေးချယ်ဖော်ပြ လိုက်ပါတယ်။

Suzuki Ciaz ကို ၂၀၁၄ မှာ စတင်မိတ်ဆက်ထုတ်လုပ်ခဲ့ပြီး Sedan ကိုယ်ထည်အမျိုးအစား ဖြစ်ပါတယ်။ Suzuki Alivio လို့လည်း လူသိများပြီးအိမ်စီးကား လေးတစ်စီးအဖြစ် ထုတ်လုပ်ထားပါတယ်။ အင်ဂျင်အရွယ်အစား တွေကိုတော့ ၁၆၀၀ စီစီ၊ ၁၄၀၀ စီစီနဲ့ ၁၃၀၀ စီစီဆိုပြီး သုံးမျိုးခွဲ ခြားထုတ်လုပ်ပါတယ်။

ဂီယာအမျိုးအစားကို အော် တိုဂီယာလေးချက်နဲ့ Manual ဂီ ယာငါးချက်တို့ကို တပ်ဆင်ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် K14BVVT အင်ဂျင်နဲ့  DDIS 200 ဒီဇယ်အင်ဂျင် နှစ်မျိုးခွဲခြားထုတ်လုပ်ပါ တယ်။ လုံခြုံရေးပိုင်းမှာတော့ ရှေ့ခန်း Dual Airbag တပ်ဆင်ပေး ထားပြီး High Tensile Steel ကိုယ်ထည်ကြောင့် ယာဉ်ထိခိုက် မှုကို သက်သာစေမယ့်နည်းပညာ ဖြင့်ထုတ်လုပ်ပါတယ်။

နည်းပညာပိုင်းအရ ABS စနစ်ကို လျှပ်စစ်ဘရိတ်စနစ် EBD နဲ့ ပေါင်းစပ်တပ်ဆင်ပေးထားလို့ ကားဘရိတ်စလစ်ဖြစ်တာ၊ ယာဉ်တိုက်မှုဖြစ်တာတွေကို ကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကိုတော့ အလွိုင်းဒလက်အစိပ် တွေနဲ့ ထုတ်လုပ်ထားပြီး ရှေ့မီးကြီး Projecter မီးကြီးကို တပ်ဆင်ပေးထားပါတယ်။

နောက်မီးခွက်တွေကိုတော့ Combination Lamp အမျိုး အစားတပ်ဆင်ပေးထားလို့ ထင်ရှားသိသာတဲ့ အချက်ပြစနစ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ သော့စနစ် ကိုလည်း ခေတ်ပေါ်ကားတွေရဲ့ ပုံစံအတိုင်း Smart Key စနစ်ကို တပ် ဆင်ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင် Hybrid အင်ဂျင်အမျိုးအစားကိုပါ ထုတ်လုပ်ထား လို့ Hybrid ကားအမျိုးအစား ကြိုက်တဲ့သူတွေအတွက် ရွေးချယ်စေနိုင်မယ့် အချက်တစ်ခုဖြစ်ပါတယ်။ ရှေ့မီးကြီးမှာလည်းထူး ခြားတဲ့ စနစ်တစ်ခုအဖြစ် Auto Daylight: Night Light စနစ်ကိုပါ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။

ပါကင်ဆင်ဆာ၊ ပါကင်ကင်မရာတွေကလည်း ကားမောင်းနှင် အသုံးပြုသူအတွက် အဆင်ပြေ စေမှာဖြစ်ပါတယ်။ လုံခြုံရေး Alarm စနစ်နဲ့ Engine Immo-bilizer စနစ်တွေကြောင့်လည်းကားရဲ့လုံခြုံစိတ်ရတဲ့အပိုင်းမှာအားသာချက်တစ်ခုအဖြစ် တွေ့ နိုင်ပါတယ်။

ပြည်တွင်းမှာမိတ်ဆက် လိုက်တဲ့ Suzuki Ciaz 2016 ကိုတော့ ၁.၄ လီတာ(၁၄၀၀ စီစီ) အင်ဂျင်တပ်ဆင်ထုတ်လုပ်ထားပါ တယ်။ ဆီစားနှုန်းသက်သာဖို့ အသားပေးထုတ်လုပ်ထားတဲ့ ကားတစ်စီးဖြစ်ပြီး အတွင်းခန်းနဲ့ လုံခြုံရေးပိုင်းတွေကိုလည်း ပြည့် စုံတဲ့ ထုတ်လုပ်မှုဖြင့် ထုတ်လုပ် ထားပါတယ်။

ရှေ့မီးကြီးကိုအရည်အသွေး မြင့် ဟေလိုဂျင်မီးလုံးတွေ တပ် ဆင်ပေးထားပြီး Dashboard Monitor နဲ့ချိတ်ဆက်ထားတဲ့ နောက်ကြည့်မှန်၊ နောက်ကင် မရာ၊ Remote Keyless System၊ စတီယာရင်ကွန်ထရိုးစနစ်၊ စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်တဲ့ Blue-tooth၊ USB၊ AUX Sokets၊ အော်တိုအဲကွန်းစနစ်တွေကို တပ်ဆင် ထုတ်လုပ်ထားပါ တယ်။

ဆီစားနှုန်းကတော့ ဓာတ်ဆီတစ်လီတာကို ၁၇.၈ ကီလိုအထိ မောင်းနှင်နိုင်ပါတယ်။ ဘယ် မောင်းကားအမျိုးအစားဖြစ်လို့ ပြည်တွင်းကလမ်းစနစ်နဲ့ ကိုက်ညီ တဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။ ရှေ့ခန်းယာဉ်မောင်းထိုင်နဲ့ Pas-senger ထိုင်ခုံအတွက် လေအိတ် နှစ်လုံးကို တပ်ဆင်ထုတ်လုပ်ပေး ထားပါတယ်။

Sedan ကိုယ်ထည်ကား တစ်စီးဖြစ်တဲ့အပြင် ပြည်တွင်းဈေး ကွက်အနေအထားနဲ့ ကိုက်ညီတဲ့ အတွင်းခန်းအပြင်အဆင်တွေကိုတပ်ဆင်ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ Suzuki Ciaz ကို ပြည်တွင်းမှာ စတင်မိတ်ဆက်တာဖြစ် ပြီး 2017 နှစ်ဆန်းပိုင်းမှာ ထုတ် လုပ်မယ့် Suzuki Ciaz 2017 မော်ဒယ်အသစ်ကို Suzuki Myanmar ကတရားဝင်ဖြန့်ဖြူးရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

_အောင်ဖြိုးမွန်

logo